Part-43

1.5K 46 16
                                    

အပိုင်း-၄၃

ကိုကိုးကားမောင်းတဲ့ဦးကို ခနခန ခိုးကြည့်နေမိသည်။ဦးကဒေါသထွက်လွန်းလို့ မျက်ခံုးနှစ်ခုကထိကပ်လုမတတ် ကျုံ့ထားသလို ဦးမေမေကလဲ နောက်ခန်းကနေတဗျစ်တောက်တောက်နဲ့မို့ဦးက အန်တီ့ကိုအရင်ပို့ပေးပီးမှ ကိုကိုးကိုပို့ပေးမယ်လို့ဆိုကာ အန်တီတို့
အိမ်သို့မောင်းလာခဲ့သည်။အိမ်ရှေ့ရောက်တော့ ဦးမေမေက

"သားနဲ့ကိုကိုးဆင်းခဲ့အံုး တိုင်ပင်စရာရှိလို့"

ဆိုကာ ဆင်းသွားတော့

ဦးက

"ကျစ်"

ဆို စိတ်ဆိုးနေတာမို့

"ဦးစိတ်လျော့နော် မုံမုံလဲသနားပါတယ် ကိုကိုးတို့ကူ
စဉ်းစားပေးရအောင်လေ"

ဆိုတော့ ဦးက ကိုကိုးကို အားနာသလိုကြည့်ကာ

"တောင်းပန်ပါတယ်ခလေးရယ် ကိုယ့်ရဲ့လူမဆန်မှုတွေအားလံုးကို အားလံုးကိုတောင်းပန်ပါတယ် "

ဆိုကာကိုကိုးကိုဖက်ကာဦးကငိုနေတာမို့ ကိုကိုးရင်ထဲမကောင်းဖြစ်ရသည်။ဦးကို ကျောလေးပုတ်ပေးကာ

"ဦး ကိုကိုးစိတ်ထဲဘာမှမရှိတော့ပါဘူးနော် လာဦး
အန်တီစောင့်နေတော့မယ်နော်"

ဆိုမှ မျက်ရည်သုတ်ကာ ဦးကဆင်းသွားသလိုကိုကိုးလဲ ဦးနောက်ကလိုက်လာခဲ့သည်။ဧည့်ခန်းထဲ
ရောက်တော့ ဦးမေမေက

"သားနဲ့ကိုကိုးထိုင် ကိုကိုး မုံမုံလေးကိုကူညီပါအံုး
ကွယ် ယောက်ကျား အနားမှာမရှိပဲ ခလေးမွေးရတာ ဘယ်လောက်ဒုက်ခများလဲ သမီးအသိဆံုးပါ အဲ့လို
ဒုက်ခမျိုး သမီးညီမလေးမခံစားရအောင် သမီးကူညီပါနော် မောင်နိုင်နိုင်ကိုကူပြောပေးပါအံုးနော်"

"မေမေ"

"အမလေး"

ဦးအော်သံကြောင့် ကိုကိုးကော အန်တီတော မုံမုံပါ လန့်သွားသလို မုံမုံကဆို လန့်ပီးအော်သံပါထွက်သွားရသည်။

"သားရယ် ဘာလို့စိတ်တိုနေတာလဲ"

"မေမေပြောနေတာကိုက စိတ်တိုချင်စရာလေ မုံမုံ့
ကိတ်စက ကိုကိုးနဲ့ဘာဆိုင်လို့ လိုက်ပြောခိုင်းနေရတာလဲ မပြောရဘူး မနက်ကအပြောခံရတာနဲ့တင်လံုလောက်နေပီ "

အချစ်ရဲ့စေစားရာOnde histórias criam vida. Descubra agora