Part-6

1.5K 69 17
                                    

အပိုင်း-၆

စားသောက်ပွဲပီးတော့ ပြန်မယ်လုပ်တော့ နည်းပြဆိုတဲ့ကောင်လေးက ဆံပြာလေးလက်ကိုတခုခုလိမ်းပေးကာဆေးကဒ်လဲပေးနေတာမို့ ထွဋ်ခေါင်မင်း စိတ်ထဲ မကြည်မလင်ခံစားရသည်။နောက်ဆံုးရန်နိုင့်ကိုမေးမှ

"အော်အဲ့ဒါ နည်းပြထဲကလေ ကိုထက်တဲ့
ကိုကိုးငယ်ကိုကြိုက်နေတာ ဟိုခလေးမကငြင်းထား
တယ်ပြောတယ် သိတယ်မလား သူကြီုက်တဲ့ကောင်မလေးဆိုတော့ဂရုစိုက်တာပေါ့ ကစားသမားတွေကပွဲပီးရင် ဆေးလိမ်းဆေးသောက်လုပ်ရတယ် လက်တွေနာတာလေ ကိုကိုးငယ်က ပေတယ် မလုပ်ဘူးနာတဲ့
အတိုင်းနေတာလေအဲ့ဒါကြောင့်ကိုထက်နဲ့သူ့ဘေးက သပြေနဲ့က ကိုကိုးငယ်ကို ဂရုစိုက်ပေးရတာ"

လို့ပြောကာရန်ကြီးက ပြောတော့ ဆံပြာလေးအတွက် ကိုယ့်ရင်ထဲစိတ်မကောင်းဖြစ်သွားရသည်။အပြန်
လမ်းမှာ မောင်ဇော်က

"Boss စံဆီသွားမှာလား"

"အေး"

လို့သာဖြေနေရတာ စိတ်ကတော့ ကိုကိုးငယ်
အကြောင်းသာတွေးနေမိသည်။ရွယ်တူကစားဖော်တွေ ရီပြံုးနေပေမဲ့ ခပ်တည်တည်လေးသာနေတဲ့ခလေးမလေး သူအမေကိုပြောလို့ ချောင်မှာ အူလိုက်သည်း
လိုက်ငိုနေပံုလေးတွေက ထွဋ်ခေါင်မင်း မျက်လံုးထဲစွဲနေသလို ဘောလံုးရိုက်တဲ့ချစ်စဖွယ်ပံုရိပ်လေးကလဲ ရင်ထဲမှာဖျက်မရတဲ့ပံုရိပ်လေးဖြစ်နေတာမို့ပြံုး
မိသည်။

"Boss ရောက်ပီ"

"အေး "

ဆိုကာဟိုတယ်ပေါ်တက်လာလိုက်သည်။ဟိုတယ်ပေါ်ရောက်တော့ စံက

"မောင် မတွေ့တာကြာလို့လွမ်းနေတာ"

"ကိုယ်အလုပ်များနေလို့ပါ"

ဆိုပီးထိုင်တော့ စံကပေါင်ပေါ်ထိုင်ကာ

"မောင်ကိုပူဆာစရာရှိတယ်"

"အွန်းပြောလေ"

"ဟို စံ—ရွှေဆိုင်ကလေ သိန်း၅၀ဆိုတဲ့ဘယက်လေးလိုချင်လို့"

"ဝယ်လေ ကိုယ်ရှင်းပေးမယ်"

"တကယ်နော်မောင်"

ဆိုကာ နှုတ်ခမ်းကိုနမ်းလာပေမဲ့စိတ်က ခါတိုင်းလိုပါမလာတော့ စံကအတင်းခါးပါတ်ချွတ်ကာပြုစုမယ်
လုပ်တော့လဲ နည်းပြဆိုတဲ့ကောင်က ဆံပြာလေး
လက်ကိုကိုင်ပီးဆေးလိမ်းနေတာပဲမြင်ကာစိတ်ကဘယ်လိုမှစံ့ဆီပို့မရတာမို့

အချစ်ရဲ့စေစားရာМесто, где живут истории. Откройте их для себя