Part-41

1.6K 56 23
                                    

အပိုင်း-၄၁

ထွဋ်ခေါင်မင်းညကလဲတညလံုးအိပ်မပျော်ပါ။
ရင်ခွင်ထဲကသမီးလေးကိုချစ်မဝဖြစ်ရသလို မနက်ကျရင် ကိုကိုးကလက်ထပ်ဖို့ညင်းရင်တော့ second planအနေနဲ့ သားအမိ၂ယောက်လံုးကိုကားတင်ပြေးမယ်လို့စိတ်ကူးကာ မောင်ဇော့်ကို ပဲခူးဘက်မှာ အိမ်စီစဉ်ခိုင်းထားသည်။ ညနေကမှအားချင်းစီစဉ်ရတော့မောင်ဇော်က ညက၂နာရီလောက်မှာ အားလံုး readyဖြစ်သွားပီဆိုတာကြောင့် ခလေးလက်ခံဖို့မျော်လင့်ရသည်။ညက ခလေးအကို ကပြန်ခါနီး ခလေးပြောတာတွေ recordလုပ်ထားတဲ့အသံဖိုင်လေးပို့ပေးတာမို့နားထောင်းတော့ ခလေးကကိုယ့်ကိုချစ်ပေမဲ့ ပြန်လက်ခံဖိူ့စိတ်ကမရဲဖူးဆိုတော့ကြောင့်ဝမ်းသာ ဝမ်းနဲဖြစ်ရသည်။ဝမ်းသာရတာက ချစ်သေးတယ်ဆိုလို့ဖြစ်ပီး ဝမ်းနည်းရတာကတော့ ကိုယ်ဟာခလေးယံုကြည်အားကိုးလို့ရတယ်ဆိုတဲ့စိတ်လံုခြုံမှုမပေးနိုင်တဲ့သူလိူ့စဉ်းစားမိလို့ဖြစ်သည်။တညလံုးအိပ်မပျော်ပေမဲ့ ရင်ခွင်ထဲအိပ်မောကျနေတဲ့သမီးကြောင့် ကြည်နူးရသည်။သမီးလို့မသိခင်ကချစ်တာကတမျိုး ခုသမီးလို့သိရချိန်မှာတော့ နိုနိုးလေးကိုချစ်တာကတော့ ဘာနဲ့မှဖော်ပြလို့မရတဲ့ချစ်ခြင်းမျိုးမို့ အမြဲ
ကိုယ့်ဆီကထွက်ပြေးချင်နေတဲ့သမီးရဲ့မေမေကိုကော သမီးကိုပါ ကိုယ့်ရင်ခွင်အောက်ကနေထွက်ပြေးခွင့်မပြုနိုင်တော့ပါ။

ကိုကိုးညနေကထိဦးကို လက်ခံဖို့အစီစဉ်မရှိပေမဲ့ ဖေဖေပေးသွားတဲ့သမီးရဲ့အသံဖိုင်ကိုနားထောင်ပီး
ချိန်မှာတော့ စိတ်ပြောင်းသွားရသည်။သမီးလေးရဲ့မသိစိတ်မှာ ဦးကိုဘယ်လောက်တောင်ချစ်နေလဲဆို

"နိုနိုးကရေ ဦးဦးချစ်ကို နိုနိုးဖေဖေအရင်းဖြစ်ပါချေ ရို့ ညတိုင်း ချုတောင်းတာ ခုတော့ ချုတောင်းပြည့်တော့ဘူး"

ဆိုတဲ့သမီးရဲ့ ဝမ်းနည်းနေတဲ့အသံလေးကြောင့် ကိုကိုးကိုထပ်ပီးဦးစွန့်ပစ်တာခံရမဲ့အကြောက်တရားထက်အမြဲအမေကို အရွယ်နဲ့မလိုက်အောင် ငဲ့ညာပေးတတ်တဲ့သမီး
အတွက် ဦးကို စည်းကမ်းချက်တချို့နဲ့လက်ခံဖို့ဆံုးဖြတ်လိုက်ရတော့သည်။

အချစ်ရဲ့စေစားရာDonde viven las historias. Descúbrelo ahora