Part-23

1.4K 51 10
                                    

အပိုင်း-၂၃

ကိုကိုး နိုးလာတော့ရုတ်တရက် ငါဘာဖြစ်သွားတာလဲပေါ့ လူကတော့လန်းဆန်းနေတာမို့ စဉ်းစားတော့မှ ဦးကိတ်စကိုသတိရကာ မျက်ရည်များကျလာရတော့သည်။

ထွဋ်ခေါင်မင်း ခလေးလက်လေးလှုပ်လာတာမို့ကြည့်တော့ ခလေးက အစကတခုခုစဉ်းစားနေဟန်
နဲ့နောက်တော့မျက်ရည်တွေကျလာတာမို့

"ခလေး ခလေးလေး ကိုယ့်ကိုကြည့်"
ဆိုတော့မှ

"ဦး ဘယ်လိုရောက်လာတာလဲ"

"ဦးခလေးလေး ဦးကြောင့် အရမ်းစိတ်ဆင်းရဲခဲ့ရတာ  ဦးတောင်းပန်တယ်နော် နောက်အဲ့videoက အရင်ကဟာ မနေ့က ကိုယ် ကိုယ့်မေမေဆီမှာပဲရှိနေတာ ခနလေး ခလေးမငိုနဲ့ဒါလေးနားထောင်"

ဆိုကာ ဦးက ဖုန်းခေါ်လိုက်တော့ တဖက်က

"သားပြော"

"ဖေဖေ မေမေသက်သာလား"

"သက်သာပါတယ် ခုနကတောင်မင်းအမနဲ့စကားပြောနေတာ မင်းအမေက ညကမင်းသူနဲ့တညလံုးအတူရှိပေးတာကို သဘောကျနေလေရဲ့ကွာ"

"ဟုတ်ဖေဖေ မေမေသက်သာလားသိချင်လို့ပါ ဒါပဲနော် ဖေဖေ"

ဖုန်းချပီးတော့ ဦးကဖုန်းထဲက တခုခုကိုဖွင့်ကာ ကိုကိုးကိုပြလာသည်။

"ခလေးလေး ဒါ ဦးအိမ်က cctv ဒီမှာ ဦးက ဦးမေမေနဲ့ဖုန်းပြောနေတာ ညကခလေးကို ဦးဖုန်းနဲ့မက်ဆေ့ပို့တာ ဦးအမတွေ့ပီလား ဦးအမနဲ့ရတုစံနဲ့ပေါင်းပီး
လုပ်တာ ဦးကို ယံုရဲ့လား"

ဆိုပီး ကိုကိုးကို အသဲသန်ရှင်းပြနေတဲ့ ဦးကြောင့် ညကစိတ်ဆင်းရဲခဲ့ရတာတွေ ကြက်ပျောက်ငှက်
ပျောက်ဖြစ်ကာ

"ဦးကို ချစ်တယ် ပြွတ်"

ဆိုပီး ကိုယ့်နှုတ်ခမ်းကိုလှမ်းနမ်းကာ ရင်ခွင်
ထဲတိုးဝင်လာတဲ့ခလေးကို  ပြန်ဖက်ရင်း

"ခလေးလေး ကိုယ့်ကိုယံုလား"

ခေါင်းလေးညိတိပြကာ

"ယံုတယ် ဦးပြောတာဆိုအကုန်ယံုတယ် "

ဆိုပီးပြောလာတဲ့ခလေးကို ချစ်လွန်းလို့ပေါင်ပေါ်ပွေ့တင်ကာ ရင်ခွင်ထဲဖက်ထားရင်း

အချစ်ရဲ့စေစားရာWhere stories live. Discover now