Part-42

1.5K 52 24
                                    

အပိုင်း-၄၂

ဦးက ဟန်းနီးမွန်းထွက်ချင်ပေမဲ့ ကိုကိုးတို့ဘောလီဘောပွဲတွေကဆက်တိုက်မို့ ထွက်မရဖြစ်ရသည်။ခုလဲသမီးနဲ့ပဲခူးဘက်ကresort တခုသွားမယ်ဆိုပီးခေါ်နေတာမို့ လိုအပ်တာလေးတွေထည့်ကာ ကိုကိုးတို့မိသားစုက ကားတစီး ကြီးမေနဲ့ကောင်မလေး၂ယောက်ကတစီးထွက်လာကြသည်။resortပိုင်ရှင်က ဦးအသိဆိုတော့ အခန်းတွေလဲသေချာပြင်ထားပေးတာမို့ သမီးကတအားပျော်နေသည်။ပိုင်ရှင်အကိုက သူ့တပည့်တယောက်နဲ့ဘာကီခေါ်ကာ သမီးနဲ့ကြီးမေတို့ကို resortထဲပတ်ကြည့်ဖို့လွတ်လိုက်ကာ ကိုကိုးနဲ့ဦးကို တော့ အခန်းတွေ လိုက်ပြမယ်ဆိုကာခေါ်လာခဲ့သည်။

ထွဋ်ခေါင်မင်း သူငယ်ချင်းသူရိန်အကူညီနဲ့ကိုကိုးနဲ့၂ယောက်တည်းဖြစ်အောင်ဖန်တီးကာ ကိုကိုးကို တောင်းပန်ရန်စီစဉ်ထားသည်။ခုလဲသူရိန်က အခန်းတခုကိုလိုက်ပြရင်းဖုန်းပြောဖို့ဆိုကာ ထွက်သွားတော့ အခန်းထဲမှာ ခလေးနဲ့ကိုယ်သာကျန်ခဲ့သည်။

"ဦးသွားရအောင်လေ"

ဆိုကာ အပြင်ထွက်ဖို့ လုပ်နေတဲ့ ခလေးကို နောက်ကနေခါးကိုဖက်ကာ လည်တိုင်များကိုနမ်းလိုက်တော့

"ဦးဖယ် သူများတွေဝင်လာရင်ရှက်စရာကြီး"

"ကိုယ်တို့မထွက်မချင်းဘယ်သူမှဝင်မလာဘူး"

"ဦးနော်"

"ခလေး ကိုယ့်ကို အရင်လိုပြန်ချစ်ပေးလို့မရဘူးလားဟင်"

ဆိုကာ ဦးကလည်တိုင်တလျေက်ကနေညှပ်ရိုးတွေကိုပါအလွတ်မပေးပဲ စုပ်နေရာကနေ အတင်းကိုက်လာတာမို့

"ဦးနော်ဖယ် မီးစိတ်ဆိုးမှာနော်"

"ဟာခလေး မီးလို့ပြောပီနော် ကိုယ့်ကိုစိတ်ဆိုးပြေပီလား"

"ခနလေး ကိုကိုးပြောတာနားထောင်ပေး"

"ဆိုတော့ ဦးက ကိုကိုးကိုသူနဲ့မျက်နှာချင်းဆိုင်လှည့်ကာ

"ပြော ခလေး ကိုယ်နားထောင်နေတယ်"

"ကိုကိုး ဦးကို အရင်လိုပြန်လက်ခံဖို့ ကြိုးစားနေပါတယ် ကိုကိုး လက်မခံနိုင်သေးခင်တော့ ဦးနဲ့အတူနေဖို့ က"

အချစ်ရဲ့စေစားရာWhere stories live. Discover now