Part-35

1.4K 56 12
                                    

အပိုင်း-၃၅

ကောင်းရဲ့အမေးစကားကြောင့် ကိုကိုးမျက်နှာတအားပျက်သွားတော့ ကောင်းက

"ဟုတ်နေတာပဲ"

ဟုဆိုလာတော့ ကိုကိုးက

"ကောင်းဘယ်လိုသိတာလဲ နိုနိုးလေးကဦးသမီးဆိုတာ ဦးတောင်မသိဘူး"

"နိုနိုးလေးကြောင့်ပါ ကိုကိုး သမီးကအချေလေးလေ ကိုယ်တောင် ငယ်ငယ်ထဲထိန်းကြောင်းလာလို့ သူ့ကို ပွေ့လို့ချီလို့ရတာလေ ဒါတောင်ခနပဲနေတာလေ
ကိုယ်နဲ့ဆိုနိုနိုးလေးနဲ့ဒီလောက်ရင်းနှီးတာကို ခုမှတွေ့တဲ့သူကို အချစ်ဆံုးလို့ပြောတာရယ် ခုလာခါနီး
ဦးထွဋ်ခေါင်မင်းချီလိုက်တော့ နိုနိုးလေးနဲ့မျက်နှာ၂ခုကပ်လိုက်တော့ နိုးနိုးလေးကဝဝဖောင်းဖောင်းလေးဖြစ်နေလို့မသိတာတာ  အဲ့လိုကျတော့ မျက်လုံးမျက်ခုံးတော်တော်တူတာလေ ပီးတော့ ကိုကိုးက ခုမှတွေ့တဲ့သူမပြောနဲ့ ကိုယ်တို့နဲ့တောင် အပြင်
ထည့်ဖို့စိတ်မချတာ ခုစိတ်ချလက်ချလွတ်လိုက်တာ
ရယ်ကြောင့်ပါ"

ဆိုတဲ့ကောင်းစကားကြောင့် ကိုကိုးတအားငိုမိတော့ကောင်းက

"ကိုကိုးစိတ်မပူပါနဲ့ကိုကိုးမသိစေချင်တဲ့ကိတ်စကို
ကိုယ်လဲဖံုးထားပေးပါ့မယ်"

"ကျေးဇူးပါကောင်းရယ်"

ဆိုတော့ကောင်းက တစ်ရှူးတွေထုတ်ပေးကာ

"မျက်ရည်တွေသေချာသုတ်အံုး တော်ကြာနိုနိုးလေးကသူ့အမေကိုငိုအောင်လုပ်တယ်ဆိုပီး ကိုယ့်ကို
စိတ်ဆိုးနေမယ်"

"အင်းကျေးဇူးနော် ကောင်း"

တဖက်ကားထဲက သားအဖ၂ယောက်ကတော့

"ဦးဦးချစ် နိုနိုးနဲ့ ကဂျားကွင်းရောင်ရင်တူတူကဂျား
မယ်နော်"

"ဟုတ်ကဲ့ပါဗျာ နိုနိုးလေးသဘောပါ"

"ဟိဟိ အာ့ကြောင့် ဦးဦးချစ်ကို ဦးဦးကောင်းထက် ပိုရှစ်တာ"

"လူလည်မလေး "

"တဂယ်ကြောတာ ဦးဦးချစ်ရဲ့ နိုနိုးစဉ်းစားနေတာ
နောက်ဆိုကျောင်းက ဖေဖေခေါ်ခိုင်းရင် ဦးဦးကောင်းကိုခေါ်တော့ဘူးဦးဦးချစ်ကိုပဲ ခေါ်မယ် ဘာလို့ဆို ဦးဦးချစ်က ဦးဦးကောင်းထက်ပိုချောတယ်"

အချစ်ရဲ့စေစားရာWhere stories live. Discover now