မုန်းရတဲ့ခဗျားရယ်-2(U+Z)

979 38 1
                                    

##Unicode##

ထိုညမှာပင် မောင်နဲ့နန်း ချစ်ကြည်နူး တစ်တီတူး
စာတွေကျူး နေတုန်း မောင့်ရဲ့ မောင်ဝမ်းကွဲမှ ပုံတွေပို့လာသည်။

"ဟျောင့် ဂျင်းသုပ်စားအုံးမလား"

ဆိုပြီးလဲပြောသည်။မောင်အစကနားမလည် ပုံတွေရောက်လာတော့ဝင်ကြည့်မိသည်။

နန်းရဲ့ယောက်ျားဆိုပြီးကောင်လေးတစ်ယောက်ကပြောထားခြင်းပင်။

မောင်နန်းကိုအဲ့စာတွေပြကာ
မေးကြည့်တော့ သူမကလဲ မငြင်းခဲ့...။

"ဟင်ဘာရီးလဲ
သူ​​ြပ တာက..
သူကနန်းပြောတဲ့သူလေ။"

"ဟင်"

ဒါဆိုနန်းကိုဖျက်ဆီးသွားတဲ့သူပေါ့။မောင်အဲ့ကောင်ကိုသွားဆဲဖို့လုပ်​တော့ ေမာင်လေးကနောက်ထပ်ပုံတွေပို့လာသည်။

နန်းနှင့်ထိုလူ မင်ဂလာဆောင်တုန်းကပုံနှင့် လက်ထက်စာချုပ်ပုံပင်။

ထိုပုံတွေမြင်လိုက်ရချိန်မှာတော့ မောင်ဘာမှမပြောနိုင်တော့ ကြောင်အသွားခဲ့ရသည်။ဘာတွေဖြစ်ကုန်တာလဲ။

"မောင် ငါကြောက်တယ်သူနဲ့ပြန်မ​ေနချင်ဘူး။"

"သူနဲ့တကယ်လက်ထက်ပြီးတာလား"

"သူငါ့ကိုရိုက်တယ်"

သူမစကားကြောင့်မောင်ဘာဆက်ပြောရမှန်းကိုမသိတော့။ယောက်ျားတန်မဲ့ကိုယ့်မိန်းမကိုရိုက်တာတော့လွန်တာပေါ့။ခုမောင်ကဘာဆက်လုပ်ရမှာလဲ။ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ။ကိုယ့်ကိုယ်ကိုယ်ဘဲအပြစ်တင်ရမှာဘဲ သူအပျိုမစစ်တော့ဘူးလို့ပြောပြီးသားဘဲ။ဒါပေမယ့်မောင်ထင်တာက မှားခဲ့တယ်လို့ဘဲထင်တာ။ခုလိုအိမ်ထောင်ရှိလိမ့်မယ်လို့လုံးဝမတွေးထားခဲ့တာအမှန်ပါ။မောင်ကံငါးပါးထဲကတစ်ပါးကိုကျူးလွန်လိုက်မိပြီ။

"အင်းမှားပြီးသွားလို့ယူလိုက်ရတာ
ဒါမယ့်သူငါ့ကိုလုပ်မကျွေးဘူး
အမေ့အိမ်လဲမသွားခိုင်းဘူး။အပြင်ထွက်ရင်ရန်ဖြစ်ရတယ်။"

"ခုကောသူနောက်ယှက်သေးလား။"

"နန်းမေမေတို့ကိုကြောက်လို့ သူမောင့်ကိုလာပြောတာနေမှာပေါ့။သူလာနောက်ယှက်ရင်သေမှာလေ။"

ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်Where stories live. Discover now