Intro

33.4K 727 7
                                    


အချစ်ဆိုတဲ့အရာကိုနားမလည်နိုင်တဲ့စီနီယာကြီးမင်းခန့်ထည်ရဲ့ဘဝထဲကို အခန်းဖော်ဂျူနီယာဆိုတဲ့ကောင်လေးတစ်ယောက်ကရုတ်တရက်ဝင်ရောက်လာတဲ့အခါ ကတောက်ကဆလေးတချို့နဲ့စတင်ခဲ့တဲ့
သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေး......

ကျောင်းရဲ့အားကျအခံရဆုံးစုံတွဲအဖြစ်သတ်မှတ်ထားခံရတဲ့ မင်းခန့်ထည်နဲ့ဖြူစင်သော်တို့ရဲ့ဆက်ဆံရေးကြားကိုရှိုင်းဇေယံဆိုတဲ့ ချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက် ပါဝင်ပက်သတ်လာတဲ့အခါမှာတော့
ထိုပြီးပြည့်စုံတဲ့ဆက်ဆံရေးတစ်ခုနောက်မှာကွယ်ဝှက်နေခဲ့ရတဲ့လျှို့ဝှက်ချက်ကြိုးစတွေကတစ်စပြီးတစ်စပေါ်ထွက်လာခဲ့ရသည်။

အချစ်ဆိုတဲ့အရာကိုပထမဆုံးနားလည်သဘောပေါက်အောင်စေစားနိုင်ခဲ့တဲ့သူ့ရဲ့အချစ်ဦးက ယောကျာ်းလေးတစ်ယောက်ဖြစ်နေခဲ့တာကိုသိရှိသွားတဲ့အခါ
Gayတွေကိုမုန်းတီးနေတယ်လို့လူအများပါးစပ်ဖျားမှာအပြောများနေတဲ့
စီနီယာမင်းခန့်ထည်ဟာ ထိုအချစ်ကိုရွေးချယ်လိမ့်မလား? ဒါမှမဟုတ် အဝေးကိုတွန်းထုတ်ပစ်လေမလား?

ချစ်ခြင်းမေတ္တာဆိုတာသိမ်မွေ့နက်ရှိုင်းလွန်းသလို အက်ကွဲကြေမွလွယ်တယ်။

လူသား၂ဦးကြားဖြစ်တည်လာရတဲ့ချစ်ခြင်းမေတ္တာတိုင်းဟာတန်ဖိုးရှိသလို အချစ်ဆိုတဲ့အနက်အဓိပ္ပါယ်ထဲမှာမည်သို့သောကန့်သတ်ချက်မှမရှိခဲ့ပေ........

••••••••••••••••••••••••••••••••••••••••••••••••••






••••••••••••••••••••••••••••••••••••••••••••••••••

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now