အပိုင်း ၇

3.6K 326 0
                                    

အပိုင်း ၇

လပေါင်းများစွာကြာပြီးနောက် မိဖုရားငယ်ကျိုးသည် သားတစ်ယောက်မွေးဖွားခဲ့သည်။ ကိုယ်ဝန်ရှိစဥ်ကာလတစ်လျှောက်လုံး အန္တရာယ်ကင်းကင်း သာသာယာယာပင်။ လူလုံးထွက်မပြသော်လည်း သူမအေးအေးချမ်းချမ်းနေရခြင်း၏နောက်ကွယ်တွင် မိဖုရားကျောက်ရှိနေသည်။ မိဖုရားကျောက်သည် မည်သို့သောအကြံအစည်ဖြင့် သူမကိုကာကွယ်ပေးနေမှန်းမသိသော်လည်း ထိုကျေးဇူးနှင့် သူမနန်းတော်ထဲနေရသည့်နေ့ရက်များသည် နိဗ္ဗာန်တမျှသာယာလှသည်။ ထူးဆန်းသည်က သူမ၏ညီအမကောင်းဖြစ်သော စုမု နှင့် သူမ၏ အစေခံတစ်ယောက် အစအနရှာမရဘဲပျောက်ကွယ်သွားခြင်းပင်။ မင်းကြီးကလည်း သူမထိုကိစ္စကိုပြောလိုက်တိုင်း မေ့ပစ်ရန်သာပြောသည်။ ထိုအရာမှလွဲ၍ ကျန်တာအကုန်အဆင်ပြေနေသဖြင့် သူမလည်း တွေးမနေတော့ပေ။ ပျောက်သွားသောအစေခံနှင့် သူမ လေးလေးနက်နက်ပတ်သတ်မှုမရှိသော်လည်း စုမုနှင့်ပတ်သတ်၍တော့ သူမသံသယရှိသည်။ သူမ၏ညီအမကောင်းဟုခံယူထားသော စုမုသည် ရတနာရှစ်ပါးဟင်းရည်ထဲတွင် ကိုယ်ဝန်ပျက်ကျစေသော ဆေးခပ်၍လုပ်ကြံသည်ဟု ကောလာဟလများထွက်လာသေးသည်။ ထို့နောက်စုမု အစအနရှာမရအောင်ပျောက်သွားတော့သည်။

"မင်းကြီးကြွချီတော်မူလာပါတယ်''

မိန်းမစိုး၏အသံကြောင့် သူမအတွေးများကိုရပ်တန့်ကာ ရင်ခွင်ထဲမှသားငယ်လေးကို အိပ်ယာပေါ်တင်လိုက်သည်။ ထို့နောက်သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် အဝတ်ကိုပြင်လိုက်ပြီး မင်းကြီးကိုကြိုဆိုလိုက်သည်။

"မင်းကြီး''

"ကျစ်လော့ သက်သာသလိုနေပါ''

မင်းကြီးသည် ကျိုးကျစ်လော့ကို ထူမ လိုက်ပြီး ထိုင်ခုံတွင်ထိုင်စေသည်။ ထို့နောက် သူ၏လက်ကိုဆန့်တန်းကာ ကျစ်လော့၏ လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။

"​ကျစ်လော့ ပင်ပန်းသွားပြီ ကိုယ့်အတွက်သားလေးကိုမွေးပေးတဲ့အတွက် ေကျးဇူးတင်ပါတယ်''

ကျိုးကျစ်လော့သည် မင်းကြီးအားကြည့်၍ ပြုံးကာ...

"မဟုတ်ပါဘူး မင်းကြီးရဲ့ရင်သွေးကိုမွေးဖွားခွင့်ရတာ ကျစ်လော့အတွက်ဂုဏ်ယူစရာပါ''

I'm Not A Villian(oc) (Completed)Where stories live. Discover now