အပိုင်း ၃၉

1.6K 167 5
                                    

အပိုင်း ၃၉

ရှောင်ယု၏မျက်နှာသည် ဒေါသကြောင့်ရုပ်ဆိုးလာတော့သည်။ ထို့နောက် သူသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထိုနေရာမှထွက်သွားတော့သည်။ သူ့စိတ်ထဲမှာတော့ ရှင်းယာက သူ့ကိုကြိုက်လို့ ချီချီနဲ့ပြတ်အောင်လုပ်နေတယ်လို့ ထင်နေတုန်းပင်...

နောက်နေ့တွင် ရှင်းယာတို့နှင့် ရှောင်ယု မျက်နှာချင်းဆိုင်စကားပြောနေသည့်ပုံကို
'ကျောင်း၏မင်းသားလေးနှင့် စနုိက်ကျော်မတို့အဖွဲ့' ခေါင်းစဥ်ဖြင့် တစ်ယောက်ယောက်က အင်တာနက်တွင်တင်ထားလေသည်။ ကွန်မန့်များတွင်လည်း ရှင်းယာအား မကောင်းသည့်မှတ်ချက်များဖြင့်ပြည့်နေလေသည်။

[စနိုက်ကျော်တာက ဘယ်သူလဲ သုံးယောက်လုံးလား ခိခိ]

[အလယ်က ဆရာကြီးဆိုဒ်နဲ့တစ်ယောက်လေ Bခန်းက ရှင်းယာဆိုလား]

[အေးတိအေးစက်ပုံစံနဲ့ ကုပ်ကမြင်းမ ဖြစ်နေတာကို]

[အေးလေ သူ့လိုပုံစံကို ဘယ်သူကကြိုက်မှာလဲ ဒါတောင်ကျောင်းရဲ့မင်းသားလေးကိုမှန်းနေသေးတယ်]

[ရုပ်ဆိုးမ]

[ရှောင်ယုနဲ့ချီချီတွဲနေတာ လူတိုင်းသိတာကို ​ဖြတ်ခုတ်ချင်နေတာအရှက်မရှိဘူးလား]

[မျက်နှာချင်းဆိုင်စကားပြောနေတာနဲ့ပဲ စနိုက်ကျော်တယ်လို့ဘာကြောင့်ပြောနိုင်ရတာလဲ သက်သေရှိလား]

[ဟေး အပေါ်ကလူ စနိုက်ကျော်တဲ့လူက သူ့ကိုယ်သူစနိုက်ကျော်ပါလို့ပြောထားမလား အဲ့ဒီပုံက မနေ့ညက အဆောင်ရှေ့မှာ ချီချီကိုလာတွေ့တဲ့ရှောင်ယုကို စနိုက်ကျော်မနဲ့အပေါင်းအပါတွေက တားပြီးစကားပြောနေတာလေ ငါကိုယ်တိုင်မြင်လိုက်တာနော်]

[တားပြီးစကားပြောတာဆိုပဲ ဟဟ နင်နဲ့ပြသနာရှိတိုင်းမဟုတ်တာတွေလိုက်ဖွမနေနဲ့ ငါတို့စီနီယာရှင်းယာရဲ့ကောင်လေးက အဲ့ကောင်ထက်အဆတစ်ထောင်လောက်သာတယ် စုံစမ်းလိုက်အုံး ငါ့လောက်တောင်မချောတဲ့ကောင်ကို ငါတို့စီနီယာက ကြိုက်စရာလား ဝေးသေးတယ်]

[ဟုတ်တယ် ငါတို့စီနီယာကိုရုပ်ဆိုးတယ်လို့ပြောတဲ့ဟာတွေ သတ္တိရှိရင် ငါတို့စီနီယာလိုမျိုး မျက်နှာပြောင်နဲ့ကျောင်းလာတက်လေ]

I'm Not A Villian(oc) (Completed)Where stories live. Discover now