အပိုင်း ၁၅

2.9K 279 3
                                    

အပိုင်း ၁၅

သို့သော် သူမ၏အတွေးမှားသွားခဲ့သည်။ ညနေစောင်းတွင် သူမအားဓားပြတစ်စု လာခေါ်သွားကြသည်။ ထိုတောအုပ်၏ တောနက်ပိုင်းသို့ရောက်လာလေလေ ပတ်ဝန်းကျင်သည်ခြောက်ခြားစရာကောင်းလာလေလေဖြစ်သည်ဟုသူမခံစားရသည်။ တောပိုနက်လာသည်နှင့် ကျေးငှက်သံတို့ပင်မကြားရတော့ပေ။

သူမအားခေါ်လာသောဓားပြများသည်လည်း သူမနည်းတူပင်။တောနက်ပိုင်း၏ တိတ်ဆိတ်မှုက သူတို့ကိုခြောက်လှန့်နေသလိုပင်။

ထိုစဥ်နတ်ဆရာသည် ခြေလှမ်းကိုရပ်လိုက်ပြီး ဓားပြများအားပြောလိုက်သည်။

"မင်းတို့ရှေ့ဆက်သွားလို့မရတော့ဘူး သူ့ကိုထားခဲ့ပြီး ပြန်ကြတော့''

"ဟုတ်ကဲ့''

ဓားပြအုပ်စုထွက်သွားသောအခါနတ်ဆရာသည် ကြိုးတုပ်ခံထားရသော သူမအား ကြိုးဖြည်ပေးလိုက်သည်။ သူမလည်း ကြိုးပြေသွားသည်နှင့် တဟုန်ထိုးထွက်ပြေးတော့သည်။ ထူးဆန်းသည်မှာ နတ်ဆရာသည် သူမ​နောက်သို့လိုက်မလာဘဲ သူမအားချည်ခဲ့သော ကြိုးကိုကိုင်ကာ ခပ်တိုးတိုးရေရွတ်လျက်ကျန်ခဲ့သည်။.

ရုတ်တရက်ဆိုသလိုပင် ပြေးနေသော သူမ၏ခြေထောက်များသည် ချက်ချင်းလေးလံလာတော့သည်။ထို့နောက် သူမတစ်ကိုယ်လုံး လေးလံလာသည်ဟုခံစားရပြီးနောက် မတ်တပ်ရပ်လျက်ပင်အသိစိတ်ပျောက်သွားတော့သည်။

နတ်ဆရာသည် ကျောက်ရုပ်တစ်ရုပ်လိုဖြစ်နေသော ရှင်းယာ၏ကျောအား လက်ဖြင့်ပုတ်လိုက်ရာ ရှင်းယာ၏ကိုယ်ခန္ဓာသည် အလိုလိုပင်လမ်းလျှောက်လျက် နတ်ဆရာနောက်သို့လိုက်သွားတော့သည်။

မှောင်ရီပျိုးစ တောအုပ်နက်ထဲတွင် ထူးဆန်းသောလူကြီးတစ်ဦးနောက်မှ အသိစိတ်မဲ့စွာလိုက်ပါနေသော အမျိုးသမီးငယ် ၏ ပုံရိပ်သည် ပို၍ပင်​ခြောက်ခြားဖွယ်ရာဖြစ်နေတော့သည်။

လျှိုမြောင်တချို့ကိုဖြတ်ပြီးသောအခါ ကျောက်ဂူကြီးတစ်ခု၏အဝသို့ရောက်လာသည်။ ထိုအခါနတ်ဆရာသည် ရှင်းယာအားအထဲသို့ဝင်စေပြီး သူကိုယ်တိုင်ကမူ ဓားပြရွာသို့လှည့်ပြန်သွားတော့သည်။

I'm Not A Villian(oc) (Completed)Where stories live. Discover now