အပိုင်း ၄၃

1.4K 139 2
                                    

အပိုင်း ၄၃

ဝှီးချဲပေါ်မှ ရှယွင်ဖန်းသည် တောက်လျှောက် ဟိုဟာလိုချင်သည် ဒီဟာစားချင်သည်နှင့် တစ်မျိုးပြီးတစ်မျိုးဂျီကျနေတော့သည်။ ရုတ်တရက် မိန်းမတစ်ယောက်ပေါ်လာသည်နှင့်ပတ်သတ်၍ အမြင်မကြည်သောရှင်းယာမှာ သူခိုင်းတိုင်းလုပ်ပေးနေရသည်။

...ဒီအချိန်မှာ ငါကသာစိတ်ကောက်ပြီးသူ့ကိုနှိပ်စက်တဲ့သူဖြစ်ရမှာမဟုတ်ဘူးလား ဘယ်လိုဖြစ်လို့ ငါချည်းအနှိပ်စက်ခံနေရပါလိမ့်...

သို့သော်လည်း အတိတ်မေ့နေသည်ဟု ကာဗာယူထားသောရှယွင်ဖန်းကတော့ သူမကိုကစားရတာပျော်နေလေသည်။

သူမတို့ ဆေးရုံခန်းထဲပြန်ရောက်သောအခါ ထိုမိန်းမမရှိတော့ပေ...

ညဘက်အိပ်ယာဝင်ချိန်တွင် ချန်ရှင်းဆီမှဖုန်းဝင်လာသည်... သူမကျောင်းပျက်ရက်များနေသဖြင့် ဆရာကမေးနေကြောင်းပြောသောအခါ သူမကျောင်းကိုပြန်သွားရတော့သည်...ရှယွင်ဖန်းအတွက်တော့ ကောင်းဖန်က လူနာစောင့်တစ်ယောက်ရှာပေးလိုက်ရသည်။

လိုရမည်ရ ရှယွင်ဖန်း၏ခုတင်အောက်တွင် အသံဖမ်းစက်တပ်ထားကြောင်းကို ကောင်းဖန်အားပြောပြခဲ့သည်။

အနီရောင်မိန်းမနှင့်ပတ်သတ်၍ အခဲမကြေဖြစ်နေသည်တို့မှာလဲ ကောင်းဖန်၏ရှင်းပြမှုကြောင့် အမှန်ကိုသိသွားသည်။ ထိုမိန်းမမှ ရှယွင်ဖန်းအသက်၂၅နှစ်တွင် တစ်လတာတွဲခဲ့သည့် ရည်းစားဟောင်းဖြစ်ပြီး ရှယွင်ဖန်း၏အကို ရှရှောင်မိုနှင့်လဲမရှင်းမလင်းပတ်သက်ခဲ့ဖူးသည်...

အစထဲက ငွေကြောင့်ရှယွင်ဖန်းကို ထောင်ချောက်ဆင်၍ ရအောင်တွဲခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုသည်။

ရှရှောင်မိုနှင့်ပတ်သတ်သည့်ကိစ္စ ရှရှောင်မို၏ဇနီးဖြစ်သူသိရှိသွားပြီး ပြသနာအကြီးအကျယ်တက်ပြီးနောက် နိုင်ငံခြားထွက်သွားခဲ့ပြီး ယခု ရှယွင်ဖန်း အတိတ်မေ့ချိန်ရောက်မှ ဗြုန်းစားကြီးပေါ်လာသည်မှာလဲ စဥ်းစားစရာပင်...

သူမကျောင်းပြန်တက်ပြီးရက်အနည်းငယ်အတွင်း လပတ်စာမေးပွဲဖြေရသည်။ ထိုရက်အတွင်း သူမ ရှယွင်ဖန်းဆီမသွားဖြစ်ပေ...

I'm Not A Villian(oc) (Completed)Where stories live. Discover now