အပိုင်း ၂၇

1.9K 194 8
                                    

အပိုင်း ၂၇

ပျင်းရိဖွယ်ရာ စနေနေ့ကိုဖြတ်ကျော်ပြီးနောက် တနင်္ဂနွေမနက်တွင် ရှော့ပင်းထွက်ကြရန် အန်းရန်ရှီက စပြောလာသည်။

"ဝိုး...ငါတို့ရေခဲတုံးကြီးက ရှော့ပင်းထွက်မယ်ဆိုပါလား''

အန်းရန်ရှီ သည် မလုံမလဲဖြင့် အကြည့်လွှဲလိုက်ပြီး...

"အင်္ကျီလေးတစ်ထည်လောက်ဝယ်ချင်ရုံပါ''

"မနေ့ကတော့မအားဘဲနဲ့ ဒီနေ့မှရုတ်တရက်ကြီး ဘာလို့ဝယ်ချင်ရတာလဲ''

အန်းရန်ရှီ၏အမူအယာသည် ရှက်သွေးဖြာသွားပြီး...

"တကယ်တော့ မနေ့က ဂိမ်းထဲကသူငယ်ချင်းနဲ့သွားတွေ့တာ''

ငြိမ်နေသောရှင်းယာက တစ်ခုခုကိုသတိရသွားဟန်ဖြင့်...

"နင့်မိန်းမ ဆိုတာလား''

အန်းရန်ရှီဆော့နေသောဂိမ်းသည် Chinese ghost story လို ဂိမ်းမျိုးဖြစ်ပြီး သတ်မှတ်ထားသောအဆင့်ရောက်သည်နှင့် လိင်အမျိုးအစားမတူသူချင်း လက်ထပ်လို့ရပြီး စုံတွဲတာဝန်များအတူဆော့လို့ရလေသည်။ အန်းရန်ရှီသည် ဓားကြီးကိုင်ဆောင်သော အမျိုးသားကာရိုက်တာဆော့သူဖြစ်သောကြောင့် သူ့လက်တွဲဖော်သည် အမျိုးသမီးကာရိုက်တာဆော့သူဖြစ်ရပေမည်။ ထို့ကြောင့်ရှင်းယာက မိန်းမ ဟု သုံးနှုန်းလိုက်ခြင်းဖြစ်သည်။

အန်းရန်ရှီ၏အမူအယာသည်ပိုဆိုးသွားပြီး နားရွက်များပင် နီလာတော့သည်....

"အမ်...ဂိမ်းထဲက ငါနဲ့လက်ထပ်ထားတဲ့သူပါ''

"ဝိုး ရှီရှီ ကြည့်ရတာတော့ အခြေအနေကောင်းတဲ့ပုံပဲ...နင်မိန်းမချင်းကြိုက်တာလို့ သတင်းတွေကြားထားပေမဲ့ တကယ်ဖြစ်နေမယ်လို့မထင်ထားဘူး''

အန်းရန်ရှီ၏မျက်နှာမဲခနဲဖြစ်သွားပြီး...

"ဘယ်သူက မိန်းမချင်းကြိုက်လို့လဲ''

"နင့်မိန်းမဆို???''

"သူက ယောကျ်ားလေးပါ''

ရှင်းယာရော ချန်ရှင်းပါ အံ့သြသွားသည်။ အန်းရန်ရှီက ဆက်၍...

"ငါက မိန်းကလေးဖြစ်ပြီး ယောကျ်ားကာရိုက်တာကိုင်တာ...သူကလည်း ငါ့လိုပဲ မိန်းမကာရိုက်တာကိုင်တဲ့ယောကျ်ားလေး''

I'm Not A Villian(oc) (Completed)Where stories live. Discover now