အပိုင်း ၈

3.6K 330 8
                                    

အပိုင်း ၈

မိဖုရားကျောက်သည် ေခါင်းကိုခါရမ်းလိုက်ကာ တည်ငြိမ်နေဟန်ဆောင်နေသော်လည်း စိတ်ထဲတွင်တော့...

...ဒီကောင်ရူးနေပြီ...

"ကျွန်မပြောတာနားထောင်ပါအုံး မင်းကြီး ဒီဟင်းရည်ကို ကိုယ်လုပ်တော်စုမုက မိဖုရားငယ်ကျိုးအတွက် ယူလာခဲ့တာ...ကျွန်မပြောချင်တာက ဒီနန်းတော်မှာ မိဖုရားငယ်ကျိုးကို ေဒက္ခပေးချင်နေတာ ကျွန်မတစ်ယောက်ထဲမဟုတ်ပါဘူး အနောက်နန်းဆောင်ကို တာဝန်ယူရတဲ့သူတစ်ယောက်အနေနဲ့ မိဖုရားငယ်ကျိုးအပေါ်မှာ ဘယ်သူကဘယ်လိုစိတ်ထားရှိတယ်ဆိုတာ မြင်နေရပါတယ်...မင်းကြီးသာ လက်ခံမယ်ဆိုရင် မိဖုရားငယ်ကျိုးကို ဘယ်သူမှအနိုင်မကျင့်ရဲအောင် ကျွန်မတာဝန်ယူနိုင်ပါတယ်''

"မင်းအခုလိုပြောတာက ကိုယ်တော့်ရဲ့အာရုံစိုက်မှုကိုလိုချင်လို့လား''

မိဖုရားကျောက် တစ်ဒင်္ဂဆွံ့အသွားသည်။

...ဒီလောက်ယုံကြည်မှုလွန်ကဲနေတဲ့ ဇာတ်လိုက်ကို ငါဖန်တီးခဲ့မိတာလား...

"ကျွန်မ မိဖုရားငယ်ကျိုးနဲ့ကလေးကိုကာကွယ်နိုင်ပါတယ် ဒါပေမဲ့ မင်းကြီးတစ်ခုတော့ပြန်လုပ်ပေးရပါမယ်...ကလေးမွေးပြီးတာနဲ့ ကလေးကိုအိမ်ရှေ့စံရာထူးအပ်နှင်းပေးပါ မိဖုရားငယ်ကျိုးကို မိဖုရားခေါင်ကြီးအဖြစ်တင်မြှောက်ပါ ကျွန်မကိုတော့ လွတ်လပ်ခွင့်ပေးပါ''

မင်းကြီး၏ ကိုယ့်ကိုယ်ကိုယုံကြည်မှုလွန်ကဲသောစကားများထပ်ထွက်လာမည်ကိုစိုးရိမ်သောကြောင့် သူမစကားကို တစ်ဆက်ထဲပြောချလိုက်သည်။ မင်းကြီးမှာတော့ အံ့အားသင့်စွာ...

"မင်း တကယ်ပြောနေတာလား''

"တကယ် အမှန် ရာနှုန်းပြည့်ပါ ပြီးတော့ ဒါကိုမင်းကြီးလည်းလိုလားမယ်ထင်ပါတယ်''

"အင်း...ဒါပေမဲ့မွေးဖွားလာမဲ့ကလေးက မိန်းကလေးဖြစ်ခဲ့ရင်ရော...''

"မဖြစ်ပါဘူး ယောကျ်ားလေးပါ....အဲ...ဟို...နတ်ဆရာမကိုမေးထားတာပါ''

"ကိုယ်တော်နားမလည်နိုင်တော့ဘူး ဒါက တကယ်ပဲ မိဖုရားကျောက် လိုချင်တာလား...''

I'm Not A Villian(oc) (Completed)Where stories live. Discover now