အပိုင်း ၃၀

1.9K 206 13
                                    

အပိုင်း ၃၀

တကယ်တော့ရှင်းယာသည် သူမကိုယ်သူမ Aမြို့ရှိ ချမ်းသာသောရှင်းမိသားစုမှ သမီးဖြစ်ကြောင်း ဘယ်သူ့ကိုမှပြောပြမထားပေ။ သူမ၏အသွင်အပြင်ကလည်း ဝံ့ဝံ့ကြွားကြွားနေတတ်သူမဟုတ်သောကြောင့် ဘယ်နေရာကြည့်ကြည့် သူဌေးသမီးဟု ထင်ချင်စရာမရှိပေ။

ရှင်းမေရင်းထင်ထားသည်မှာ ချမ်းသာသောရှင်းမမလေး ဆိုသည့်ဂုဏ်ပုဒ်သည် ရှင်းယာအတွက်လူဝင်ဆံ့နိုင်မည့် ဂုဏ်တစ်ခုဖြစ်လိမ့်မည်ဟု...

...မယားငယ်တွေက ချမ်းသာမှုကိုမက်မောကြတယ်မလား ဒါကြောင့်လဲမယားငယ်လုပ်တာပေါ့ ဒီဥကပေါက်ရင်တော့ ဒီသားပဲဖြစ်မှာပေါ့...

သို့သော်လည်းရှင်းယာအတွက်တော့ ထိုသို့ဝံ့ကြွားရခြင်းသည် ဝတ္တုတစ်ပုဒ်ဖတ်ရတာလောက်တောင် အရသာမရှိပေ။

...မယားငယ်သားသမီးဖြစ်တိုင်း အကျင့်မကောင်း ငွေမက်ပြရမှာလား နင်ဝတ္တုဖတ်တာများသွားပြီ ရှင်းမေရင်း ငါက နင်ဖြစ်စေချင်တဲ့ ဗီလိန်မျိုး ဖြစ်လာမှာမဟုတ်ဘူး...

ရှင်းမေရင်းသည် ချန်ရှင်းအား ရှင်းယာအအနားမှထွက်သွားစေချင်သည်။ သူမမှမဟုတ်ပေ ရှင်းယာ၏အပေါင်းအသင်းမှန်သမျှ ရှင်းယာအားရွံမုန်းသွားစေချင်သည်။

"သဘောမပေါက်ဘူးထင်တယ် မမကိုကြည့်ရတာတော့ အဆင့်အတန်းမြင့်တဲ့မိသားစုက ဖြစ်တဲ့ပုံပဲ...ဒီရှင်းယာက ညီမအဖေရဲ့ တရားမဝင်သမီးလေ...အဟင့် မယားငယ်သမီးပေါ့...ချမ်းသာတဲ့ယောကျ်ားဆိုတော့လဲမမရယ် ချူစားချင်တဲ့သူက ခပ်များများရယ်...ကံမကောင်းတော့ ညီမအဖေလဲ ဒီလိုမိန်းမမျိုးရဲ့ကျော့ကွင်းမှာမိသွားလေရဲ့...ဒါပေမဲ့အဖေက သဘောကောင်းလွန်းတော့ မယားငယ်သမီးကိုတောင်အိမ်ခေါ်ပြီး အိမ်ထောင်စုစာရင်းထဲထည့်ပေးထားသေးတယ်''

ရှင်းယာသည်းမခံနိုင်တော့ပေ ။ သူမအမြဲတမ်းသည်းခံနေပေမဲ့ ရှင်းမေရင်းနဲ့မတွေ့ရတာ သုံးနှစ်ကျော်ကြယသွားသည့်အခါမှာတော့ သူမ၏သည်းခံနိုင်စွမ်းကအရင်လိုမကောင်းတော့ပေ...

"ရှင်းမေရင်း နင်စကားကိုကြည့်ပြော...ငါ့အမေကနင့်အဖေ အိမ်ထောင်သည်ဆိုတာတောင်သိသွားခဲ့တာမဟုတ်ဘူး တကယ်တမ်းကျော့ကွင်းမိသွားတာ နင့်အဖေမဟုတ်ဘူး ငါ့အမေပဲ...ပြီးတော့ သေတဲ့သူကိုလေးစားတတ်ရမယ်ဆိုတာ နင့်ရဲ့မယားကြီးအမေကသင်ပေးမထားဘူးလား...အေးပေါ့လေ ဒါကြောင့်လဲ မိမဆုံးမဖမဆုံးမဆိုတဲ့စကား ပေါ်လာတာပေါ့''

I'm Not A Villian(oc) (Completed)Where stories live. Discover now