အပိုင်း ၆

3.7K 353 0
                                    

အပိုင်း ၆

ပွဲတော်ညပြီးကတည်းက နန်းတော်တွင်းအခြေအနေတည်ငြိမ်နေခဲ့သည်မှာ နှစ်လခန့်ရှိပြီဖြစ်သည်။ ထိုနှစ်လအတွင်း ရှင်းယာကတော့ စားလိုက်အိပ်လိုက်နှင့် အဆင်ပြေနေသည်။

"မယ်မယ် မယ်မယ်''

အားလီသည် အခန်းတွင်းသို့အပြေးအလွှားဝင်လာလေသည်။

"ဘာဖြစ်လို့လဲ''

"မယ်မယ် ကျိုးကျစ်လော့ ဗိုက်ကြီးပြီ''

မျှော်လင့်ထားသည့်ကိစ္စဖြစ်သော်လည်း အားလီ၏ တည့်တိုးပြောချလိုက်သောစကားကြောင့် သောက်နေသောရေနွေးပင် သီးသွားတော့သည်။

"အားလီ နင်ကတော့လေ ပြောချလိုက်ရင်ဒဲ့ကြီးပဲ''

"ဘယ်လိုလုပ်ကြမလဲ ဒီသတင်းကပေါ်လာပြီဆိုတော့ လုပ်ကြံကြတော့မှာလေ မယ်မယ်က မိဖုရားကျောက်ဖြစ်နေတယ်ဆိုတော့ လုပ်ကြံမှာမဟုတ်ပေမဲ့ တခြားသူတွေကတော့ငြိမ်မနေလောက်ဘူးနော်''

မူလဇာတ်ကြောင်းတွင် ကိုယ်လုပ်တော်ကျိုးသည် ကိုယ်ဝန်ရလာသောကြောင့် မိဖုရားငယ်အဖြစ် ရာထူးတိုးသွားသည်။ မိဖုရားကျောက်၏ မနာလိုမှု အားကြီးလာပြီးမိဖုရားငယ်ကျိုးကို အဆိပ်ခတ်ထားသော ရတနာရှစ်ပါးဟင်းရည် ချက်ပြုတ်ကာ စားသုံးစေသည်။ ထိုအဆိပ်သည် ရေရှည်စားသုံးမှသာ အစွမ်းပြသောကြောင့် တစ်လကြာသောအခါ မိဖုရားငယ်ကျိုး၏ကိုယ်ဝန် ပျက်ကျသွားခဲ့သည်။

"ဒါပေါ့ ​ဘယ်ငြိမ်နေကြမလဲ''

"အာ ဘယ်လိုလုပ်ကြမလဲ ကိုယ်ဝန်ပျက်ကျသွားရင်တောင် မင်းကြီးက ချစ်နေအုံးမှာဆိုပေမဲ့ ဒီကိစ္စကြောင့် သူတို့နှစ်ယောက် လပေါင်းများစွာဝေးကြအုံးမှာ''

"အခုတော့ အဲ့လိုဖြစ်မှာမဟုတ်ဘူး ငါကဖြစ်ခွင့်ပေးမှာမဟုတ်ဘူး''

ကျိုးကျစ်လော့ ကို မိဖုရားငယ်အဖြစ် ခန့်အပ်ပြီးသည့်နောက်တွင် သူမ၏အဆောင်၌ လက်ဆောင်ပစ္စည်းများဖြင့် ပြည့်နှက်နေတော့သည်။

"မယ်မယ် မိဖုရားကျောက် ကြွချီလာပါတယ်''

ကျိုးကျစ်လော့သည် မိဖုရားကျောက် ဟူသောအသံကြားသည်နှင့်ကပျာကယာထကာ အရိုအသေပြုလိုက်သည်။

I'm Not A Villian(oc) (Completed)Where stories live. Discover now