အပိုင်း ၄၄

1.5K 154 13
                                    

အပိုင်း ၄၄

ကောင်းမျန်၏ စီမံကွပ်ကဲမှုသည် အလုပ်ဖြစ်သွားတော့သည်။ကောင်းအုပ်စုအား ပြသနာအသေးစားလေးများဖန်တီးကာ ကောင်းဖန်ကိုလမ်းလွှဲလိုက်ပြီး ရှရှောင်ဝေက ဂလက်စီနည်းပညာကိုချုပ်ကိုင်ထားတော့သည်။

ရှယွင်ဖန်းမှာ ရှကော်ပိုရေးရှင်းအားတာဝန်ယူဖြစ်သွားသဖြင့် လွတ်နေသော ဂလက်စီသည် ရှရှောင်ဝေလက်ထဲရောက်လာသည်။

ပွေရှုပ်ပြီး ကလပ်တက်နေကျ သူဌေးသားလေးရှရှောင်ဝေမှာ ယခု ဂလက်စီနည်းပညာ၏ စီအီးအိုဖြစ်နေလေပြီ...

အရင်ကထက် အနည်းငယ်ပို၍ ရင့်ကျတ်လာသည်မှာအမှန်ပင်...
သူ၏ပြောင်းလဲမှုသည် အားလုံးအတွက်အံ့အားသင့်စရာကိစ္စဖြစ်သော်လည်း ရှင်းယာ၏အဖေတူညီအစ်မဖြစ်သော ရှင်းမေရင်းအတွက်တော့ စိတ်ဆင်းရဲစရာဖြစ်သွားသည်။

ရှရှောင်ဝေ ဂလက်စီ၏စီအီးအိုဖြစ်သွားသည့်အတွက် သူမဝမ်းမြောက်ဝမ်းသာဖြစ်သွားသော်လည်း ရှရှောင်ဝေက သူမအားလုံးဝအဆက်သွယ်ဖြတ်သွားသည်။ ​သူ၏မြင့်မားလှသောအဆင့်အတန်းကြောင့် သူမ သူ့​အနားပင်မသီနိုင်တော့...

သို့သော်လည်း အစထဲက အကြံရှိသူပီပီ ဝှက်ဖဲတစ်ချပ် သူမတွင်ရှိနေသေးသည်။ သူမ ရှရှောင်ဝေ၏ကိုယ်ဝန်ကို လွယ်နိုင်လိုက်သည်။

တစ်ရက်တွင် ရှရှောင်ဝေကားပေါ်မှအဆင်း သူမသည် သူ့လမ်းကိုပိတ်ရပ်လိုက်ပြီး သူမတွင်ကိုယ်ဝန်ရှိနေကြာင်း သူမကိုတာဝန်ယူရန် ရှရှောင်ဝေအားပြောပြလိုက်သည်။ ရှရှောင်ဝေသည်တစ်ချက်တွေဝေသွားပြီး မနက်ဖြန်ညတွင် တွေ့ရန် ဟိုတယ်တစ်ခု၌ချိန်းဆိုလိုက်သည်။ ယောကျ်ားတစ်ယောက်အဖြစ် သူ့လုပ်ရပ်အတွက်တာဝန်ယူရမည်ကိုသိသော်လည်း သူမကိုလက်ထပ်ဖို့တော့ စိတ်မကူးပေ...

ကိုယ်ဝန်ဖျက်ချခိုင်းမည် ​ြဖစ်ပြီးသူမ၏အပျိုစင်ဘဝအတွက်လျော်ကြေးငွေအမြောက်အများပြင်ဆင်ထားလိုက်သည်။ရှင်းမေရင်းကလဲ အစထဲက ငွေကြောင့်သူ့ကိုကပ်မှန်း သူသိသည်။

သို့သော်လည်း သူ၏ယောက္ခမလောင်း ကောင်းမျန်က ရှင်းမေရင်းကို တိတ်တဆိတ်ရှင်းပစ်လိုက်သည်။

I'm Not A Villian(oc) (Completed)Where stories live. Discover now