အပိုင်း ၃၈

1.7K 208 15
                                    

အပိုင်း ၃၈

မောင်မယ်သစ်လွင်ကြိုဆိုပွဲနေ့ မတိုင်ခင် ညတွင် ချန်ရှင်းဦးဆောင်ကာ ဂျူနီယာလေးများသည် စတိတ်စင်အပြင်အဆင်နှင့် အခြားလိုအပ်သည်များကို ပြင်ဆင်ရင်းအလုပ်ရှုပ်နေကြသည်။ အန်းရန်ရှီ ၏ကောင်လေး ကျောက်ပင်းလည်း အလုပ်လုပ်ရသည့်အထဲတွင်ပါဝင်သောကြောင့် ရှင်းယာနှင့် အန်းရန်ရှီတို့လည်း ခန်းမထဲသို့ရောက်နေကြသည်။

ချန်ရှင်းသည် ဂျူနီယာများကိုညွှန်ကြားရင်း ရှင်းယာတို့ထိုင်နေရာဘက်ကို လာနေလေသည်။ ထို့နောက်ထိုင်ခုံတွင်ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး မနားတမ်းငြီးငြူတော့သည်။

"ပင်ပန်းလိုက်တာ ဘာလို့ငါကတာဝန်ယူရတာလဲလို့...''

အန်းရန်ရှီက...

"နင်က ဘာတွေပင်ပန်းနေတာလဲ တကယ်လုပ်ရတာက ဂျူနီယာတွေလေ နင်ကညွှန်ကြားရုံပဲဟာကို''

"အစ်မကြီး နင်မသိပါဘူး ညွှန်ကြားတဲ့လူကပိုပင်ပန်းတယ်ဟဲ့...အဲ့ရေဗူးပေးစမ်းပါ ရေဆာလို့''

"မပေးနိုင်ပါဘူး ပင်းပင်းအတွက်ယူလာတာ''

ချန်ရှင်းဆွေ့ဆွေ့ခုန်သွားတော့သည်။ ထို့နောက် ဒေါသတကြီးနှင့်...

"နင်...ငါကနင့်သူငယ်ချင်းမဟုတ်ဘူးလား နင့်ကောင်လေးလောက်တောင်အရေးမပါဘူးလား...ပြောစမ်း ကျောက်ပင်းနဲ့ငါနဲ့ရေနစ်ရင် နင်ဘယ်သူ့ကိုကယ်မှာလဲ''

အန်းရန်ရှီက နှစ်ခါမတွေးဘဲပြောလိုက်သည်။

"သေချာပေါက်နင့်ကိုကယ်မှာပေါ့''

ချန်ရှင်း သဘောခွေ့သွားပြီး အားရပါးရပြုံးလိုက်ကာ အန်းရန်ရှီကိုသွားဖက်လေတော့သည်။

"ငါသိသားပဲ ရှီရှီ နင်ငါ့ကိုဂရုစိုက်တယ်ဆိုတာ''

အန်းရန်ရှီသည် ခပ်ညစ်ညစ်ပြုံးလိုက်ပြီး...

"ဘာလို့ဆို ပင်းပင်းကအရပ်ရှည်ပြီးရေကူးတတ်တယ် နင့်လိုဂျပုမ ကသာ ရေနစ်ရင် တန်းမြုပ်သွားမှာမို့လို့လေ''

"အန်းရန်ရှီ...နင်...''

"တော်ကြပါတော့ ရော့ ဒီမှာရေဗူး''

I'm Not A Villian(oc) (Completed)Where stories live. Discover now