အပိုင်း ၁

12.2K 430 4
                                    

အပိုင်း ၁

သူမအမည်က ရှင်းယာ။
အသက်က ၂၁နှစ်။
Zတက္ကသိုလ်၊ ကွန်ပျူတာသိပ္ပံမေဂျာ၊ စတုတ္ထနှစ်။

စိတ်ကူးယဥ်တတ်သူဖြစ်၍ တိတ်တဆိတ်နေတတ်သူဖြစ်သည်။ သူငယ်ချင်းအပေါင်းအသင်းမရှိ။ တက္ကသိုလ်ကျောင်းသူဘဝကို ငြီးငွေ့ဖွယ်ဖြတ်သန်းနေသူတစ်ဦး။
အဆောင်တွင်လည်း တစ်ယောက်ထဲသမားဖြစ်သည်။ အခန်းဖော်မရှိသောအခန်းထဲတွင် ပစ္စည်းများကိုသေသေသပ်သပ် စနစ်တကျထားတတ်သူ။

သူမ၏အိပ်မက်မှာ နိုင်ငံကျော် စာရေးဆရာမ တစ်ဦးဖြစ်လာရန်ဖြစ်သည်။ လက်ရှိတွင် *မေပယ်ရွက်ကလေး*အမည်ဖြင့် wattpad၌ ဝတ္တုများရေးသည်။ သူမ၏ဝတ္တုများကို အဆုံးထိမရေးတတ်သော အကျင့်ဆိုးကြောင့်  ပရိတ်သတ်များများစားစားမရှိပေ။ အစပိုင်းတွင် တော်တော်များများဖတ်ကြသော်လည်း updateနောက်ကျခြင်း ဇာတ်ကြောင်းများမညီညွှတ်ခြင်းတို့ကြောင့် မဖတ်ကြတော့ပေ။ သို့သော် သူမတွင် အမာခံပရိတ်သတ် ၃ဦးရှိသည်။ သူမupdateတင်တိုင်း ကောင်းသောcommentsများသာပေးကြပြီး သူမအားကိုးကွယ်သူများဖြစ်ကြသည်။

ငါကလူချော: သာသာ အရမ်းကောင်းတယ်

ပန်းပွင့်စားသူ: တကယ့်ကိုပဲ updateနောက်ကျလဲ သာသာရေးတာကိုပဲကြိုက်တယ်

လနတ်သမီးရဲ့အစေခံ: အမြဲမျှော်နေတယ်နော် သာသာအတော်ဆုံး

ထိုကွန်မန့်များသည် သူမလက်ရှိရေးနေသော *တော်ဝင်သောချစ်ခြင်း*ဝတ္တုအောက်တွင်ပေးထားသောကွန်မန့်များဖြစ်သည်။ ထိုဇာတ်ကြောင်းမှာ ကိုယ်လုပ်တော်များစွာရှိသော ဘုရင်လေးတစ်ပါး ၊ မထင်မရှားကိုယ်လုပ်တော်တစ်ဦးနှင့် ချစ်ကြိုက်သွားသည့် ဇာတ်လမ်းဖြစ်သည်။ ထုံးစံအတိုင်း မနာလိုသော ကိုယ်လုပ်တော်များက အနိုင်ကျင့်ချောက်တွန်းကြရင်း အတားအဆီးများကြားမှ မိဖုရားခေါင်ကြီးဖြစ်သွားသည့်အကြောင်းဖြစ်သည်။ ပျင်းရိဖွယ်ရာ အမျိုးသမီးများကြားထဲမှ ပဋိပက္ခများကိုရေးဖွဲ့ထားခြင်းဖြစ်သဖြင့် ဇာတ်လမ်းသည် ဆွဲဆောင်မှုကင်းမဲ့လှသည်။ သူမကိုယ်တိုင်လဲ ဘယ်လိုဇာတ်သိမ်းရမလဲမသိသဖြင့် ဆက်မရေးပဲထားခြင်းဖြစ်သည်။ ယခုမှ စိတ်ကူးပေါက်သဖြင့်ထရေးကာ updateတင်လိုက်ခြင်းဖြစ်သည်။

I'm Not A Villian(oc) (Completed)Where stories live. Discover now