အပိုင်း ၃၇

1.7K 197 10
                                    

အပိုင်း ၃၇

ထို့နောက် သူမတို့အဆောင်မပြန်တော့ဘဲ စျေးဝယ်သွားရန်ပြင်ဆင်လိုက်ကြသည်။ သူမတို့ကျောင်းတံခါးဝအရောက်တွင် လမ်းတစ်ဖက်ခြမ်းရှိ SUVကားအနက်ရောင်တစ်စီးကိုတွေ့လိုက်ကြသည်။ ချန်ရှင်းက...

"အဲ့လိုကားလေးနဲ့သာ လိုက်ပို့ရင်ကောင်းမှာပဲ...ငါဒယ်ဒီ့ဆီက ကားမတောင်းမိတာနောင်တရနေပါပြီနော်...အခုတော့ Taxiနဲ့သွားရမှာ ဂွမ်းလိုက်တာ...''

"Taxiနဲ့မဟုတ်ပါဘူး...ငါ့ကောင်လေးကားနဲ့သွားမှာလေ''

အန်းရန်ရှီ သည် ကျောက်ပင်း၏လက်ကိုတွဲကာ ဂုဏ်ယူစွာပြောလိုက်သည်။ ကျောက်ပင်းခမျာမှာတော့ အန်းရန်ရှီ က သူ့လက်ကိုတွဲလိုက်သောကြောင့် ရှက်သွေးဖြာသွားလေသည်။

...ဒီနှစ်ယောက်ကိုကြည့်ရတာ တစ်ခုခုမှားနေသလိုပဲ တစ်ယောက်ကTachi styleတစ်ယောက်က uke style လိုက်လဲလိုက်ပါတယ်...

ထို့နောက် သူမတို့ညွှန်ပြနေသော SUVပေါ်မှ ခန့်ညားသောအမျိုးသားတစ်ယောက်ဆင်းလာပြီး သူမတို့ဆီတည့်တည့်မတ်မတ်လာနေလေသည်။ ချန်ရှင်းက ရှင်းယာအားလက်ကုတ်၍...

"ယာယာ...အဲ့ဒါ ရှယွင်ဖန်း စီအီးအိုရှ မဟုတ်လား...ငါပဲအမြင်မှားနေတာလား''

အန်းရန်ရှီက...

"မမှားဘူး ပြီးတော့ သူငါတို့ဆီကိုလာနေသလိုပဲ''

မျက်စိတစ်မှိတ်အတွင်း ရှယွင်ဖန်းသည် သူမတို့ရှေ့သို့ရောက်ရှိလာတော့သည်။

"စီအီးအိုရှ ရှင်ဘယ်လိုလုပ်ရောက်လာတာလဲ''

"ဒီညနေ အားတယ်ဆို''

...ဒီညနေအားတယ်လေ အဲ့ဒါက ရှင်ဒီကိုလာတာနဲ့သက်ဆိုင်​ေနလို့လား ဒါမှမဟုတ်...

ရှယွင်ဖန်းသည် ချန်ရှင်းတို့ဘက်လှည့်ကာ...

"အခု ရှင်းယာကို ခဏလောက်ခေါ်သွားလို့ရတယ်မလား''

ရှယွင်ဖန်း၏ဆွဲဆောင်မှုရှိသောအသံအောက်တွင် သူမတို့သုံးယောက်လုံးပြုစားခံလိုက်ရသည်။ ထို့နောက်သုံးယောက်သားပြိုင်တူခေါင်းငြိမ့်မိလိုက်ကြသည်။ အန်းရန်ရှီ က အရင်အသိဝင်လာပြီး ပုတ်သင်ညိုလိုခေါင်းတဆတ်ဆတ်ငြိမ့်နေသော သူ့ကောင်လေး ကျောက်ပင်းကိုမျက်စောင်းထိုးလိုက်သည်။ ေကျာက်ပင်း ချက်ချင်းကျောက်ရုပ်ဖြစ်သွားတော့သည်။

I'm Not A Villian(oc) (Completed)Where stories live. Discover now