အပိုင်း ၂

4.7K 355 3
                                    

အပိုင်း ၂

ကံမကောင်းစွာပင် သူမရောက်ရှိနေသောနေရာသည် သူမရေးထားသောဝတ္တုအမှန်ပင်ဖြစ်နေတော့သည်။

မကြာမီပင်မင်းကြီးရောက်ရှိလာတော့သည်။ မြင်းဖြူကြီးကိုစီးကာ ချပ်ဝတ်အပြည့်အစုံနှင့် စစ်တပ်ကြီး ခြံရံလာသော မင်းကြီးသည် သူမစိတ်ကူးထဲကအတိုင်းပြီးပြည့်စုံလှသည်။

မြင်းပေါ်ကဆင်းကာ မယ်တော်ကြီးအားနှုတ်ဆက်သည်။ ထိုအချိန်ထိ သူမအားတစ်ချက်မျှမကြည့်...

"မိန်အာလေးကလည်း သားတော်ကိုလွမ်းနေရှာတာ''

...wait what? ? မလွမ်းမိပါဘူး...
စိတ်ထဲကစကားများအပြင်ကိုလျှံထွက်လာပါက ပြသနာတက်ပေမည်။

မယ်တော်ကြီး၏စကားကိုမင်းကြီးက မကြားချင်ယောင်ဆောင်ကာ ကိုယ်လုပ်တော်များရှိသောနေရာသို့ ဝေ့ဝိုက်ကြည့်လိုက်သည်။ တစ်စုံတစ်ယောက်ကိုရှာနေဟန်ရှိသော မင်းကြီး၏ မျက်လုံးများသည် ထောင့်တစ်နေရာရှိ နို့နှစ်ရောင်ဝတ်စုံနှင့်မိန်းမလှလေးထံတွင်ရပ်တန့်သွားသည်။

ထိုအခိုက်အတန့်သည် ခေတ္တခဏသာဖြစ်သော်လည်း ရှင်းယာကတော့မြင်လိုက်သည်။

...ဒါဆို သူက ကျိုးကျစ်လော့ပေါ့...

တစ်နေ့လုံးတိတ်ဆိတ်နေသောသူမ၏အ​ပြုအမူများသည် မူလခန္ဓာကိုယ်ပိုင်ရှင် ကျောက်မိန်နှင့် အလွန်ကွာခြားနေသည်။ ကျောက်မိန်သည် မင်းကြီးအား အရူးအမူးစွဲလန်းနေပြီး မင်းကြီးနှင့်ပတ်သတ်လျှင် အလွန်အကဲပိုသူဖြစ်သည်။ မင်းကြီးအားပို့ဆောင်ပြီးနောက် နေမကောင်းသည်ဟုအကြောင်းပြကာ အဆောင်သို့ပြန်လာခဲ့သည်။

"လုပ်စရာရှိတာကိုလုပ်ရမယ် ဒီအတိုင်းအသေခံလို့တော့မရဘူး လွတ်အောင်ရှောင်ရမှာပဲ''

သူမရေးထားသောဝတ္တုသည် ဇာတ်မသိမ်းသေးသော်လည်း ဗီလိန်အကြီးစားဖြစ်သောကျောက်မိန်၏အဆုံးသတ်သည် လှမှာမဟုတ်ကြောင်း တွေးထားပြီးသားဖြစ်သည်။

တခြားတစ်ယောက်ကိုချစ်နေသော ယောကျ်ားအား ဆက်စွဲလန်းမနေလိုပေ။ ဇာတ်လိုက်တို့၏ ချစ်ခြင်းကိုလည်းမခွဲချင်။ ထို့ကြောင့် ရှေ့ဆက်ရမည့်ကိစ္စများကို မူလဇာတ်ကြောင်းနှင့်မတူအောင် ခွဲထွက်ဖို့ကြံစည်လိုက်သည်။

I'm Not A Villian(oc) (Completed)Where stories live. Discover now