အပိုင်း ၃၅

1.8K 181 11
                                    

အပိုင်း ၃၅

ဂလက်စီသည် ရှယွင်ဖန်း၏ကိုယ်ပိုင်ကုမ္ပဏီဖြစ်သည်။ ရှယွင်ဖန်း ဘွဲ့ရပြီးနောက် နိုင်ငံခြားတွင်နှစ်အနည်းငယ်အလုပ်လုပ်ကာ စုဆောင်းထားသော ပိုက်ဆံဖြင့် ဂလက်စီကိုထူထောင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ရှဝေနှင့် ရှယွင်ဖန်းတို့ ကတောက်ကဆဖြစ်ထားကြ၍ ရှဝေကိုယ်တိုင်ကလည်း ဂလက်စီအတွက်ထောက်ပံ့ခြင်းတစ်စုံတစ်ရာမလုပ်ခဲ့။ ရှယွင်ဖန်းကလည်း မည်သူ့အကူအညီကိုမှ လက်မခဲ့ပေ။ ကောင်းဖန်တစ်ယောက်ထဲသာ အတင်းဂျီကျပြီး ရှယ်ယာဝင်ထားခြင်းဖြစ်သည်။

ဂလက်စီ၏ပထမဆုံးထွက်သော ဂိမ်းကို ရှယွင်ဖန်းနှင့်ကောင်းဖန်တို့ ကြိုးကြိုးစားစားရေးခဲ့ရပြီး စျေးကွက်ပေါ်တင်လိုက်သည့်အချိန်တွင်လည်း တစ်ခဏအတွင်းအောင်မြင်မှုမရရှိခဲ့ပေ။ သို့သော်လည်း ဉာဏ်ကြီးရှင်နှစ်ယောက်၏အကြောင်းများသည် သူတို့တက်ခဲ့သောZတက္ကသိုလ်တွင်လူသိများပြီးဖြစ်သော​ကြောင့် တက္ကသိုလ်မှ ပရော်ဖက်ဆာများ ဂျူနီယာများက လေ့လာကြရာမှတဆင့် လူသိများပြီး စျေးကွက်မှာပါအောင်မြင်လာခဲ့သည်။

ဂလက်စီ အောင်မြင်မှုလမ်းကြောင်းပေါ်စရောက်သည့်အချိန်တွင် ရှရှောင်မိုကတော့ ရှကော်ပိုရေးရှင်းတွင် ရှဝေ၏အဆူအဆဲခံနေရတုန်းဖြစ်သည်။ ရှရှောင်မိုမိန်းမကိစ္စအရှုပ်တော်ပုံကြောင့် ရှကော်ပိုရေးရှင်း၏ ရှယ်ယာစျေးထိုးကျသွားတော့သည်။

ထိုအခါ ရှယွင်ဖန်းကြောင့်အောင်မြင်စပြုနေသော ဂလက်စီကို ရှကော်ပိုရေးရှင်းလက်အောက်မှဖြစ်ကြောင်း ရှရှောင်မိုက သတင်းစာရှင်းလင်းပွဲလုပ်ကာ ကြေညာလေသည်။ ရှယွင်ဖန်းကိုအသိမပေးဘဲလုပ်လိုက်ခြင်းကြောင့် ရှယွင်ဖန်းအခဲမကြေနိုင်ဖြစ်ရသည်။ ကိုယ့်အောင်မြင်မှုကို မိဘနောက်ခံရှိလို့အောင်မြင်သည်ဟု အထင်ခံလိုက်ရပြီဖြစ်သောကြောင့် ရှရှောင်မိုနှင့်ရန်ဖြစ်ကြတော့သည်။

ဖခင်ဖြစ်သူ ရှဝေက ညီအကိုနှစ်ယောက်ကြားဖျန်ဖြေပြီး ရှယွင်ဖန်းအား...ဂလက်စီကိုရင်းနှီးမြုပ်နှံမည်ဖြစ်ပြီး ရှကော်ပိုရေးရှင်းတွင်လည်း ရှယွင်ဖန်းအား
နေရာတစ်ခုပေး၍ ချော့မော့လိုက်ရသည်။

I'm Not A Villian(oc) (Completed)Where stories live. Discover now