အပိုင်း ၃

4.1K 385 22
                                    

အပိုင်း ၃

"မယ်မယ် ဘာခိုင်းစရာများရှိလို့ပါလဲ''

"နင်တို့၃ယောက် တစ်ခုခုမကျေနပ်တာ ရှိလို့လား''

"မရှိပါဘူး မယ်မယ်က ဒီလောက်ကောင်းတာကို''

အားလီ၏အဖြေသည် ကောင်းမွန်သောလည်း သူမ၏အမူအယာမှာ လေးစားမှုကင်းမဲ့လျက်။

"ငါ့ကိုပြော တစ်ခုခုဖြစ်ထားသလား နင်တို့လွတ်လွတ်လပ်လပ်ပြောလို့ရတယ် ငါဗွေမယူဘူး''

ထိုသုံးယောက်သည် အဓိက ဗီလိန်၏ခြေလက်များဖြစ်သဖြင့် အဓိကဇာတ်လိုက်အား ထိခိုက်နိုင်သည်။ ထို့ကြောင့် ထိုသုံးယောက်ကို လွှတ်ထားလို့မဖြစ်ပေ။

"ကောင်းပြီ ပြောဆိုလည်းပြောတာပေါ့ ကျွန်မတို့ကို မယ်မယ်ကျိုး ရဲ့နန်းဆောင်ကိုပြောင်းပေးစေချင်ပါတယ်''

"ကိုယ်လုပ်တော်ကျိုးရဲ့နန်းဆောင်?? ဘာဖြစ်လို့လဲ မဟုတ်သေးဘူး ငါပြောမယ် နင်တို့ နောက်ထပ် ကိုယ်လုပ်တော်ကျိုးကို ထိခိုက်အောင်လုပ်လို့မရဘူး''

"အာ...''

ထိုသုံးယောက် မိဖုရားကျောက်၏စကားကြောင့် ကြောင်အသွားသည်...

ထို့နောက်သုံးယောက်သားခေါင်းချင်းဆိုင်ဆွေးနွေးကြတော့သည်။

"ဘယ်လိုဖြစ်တာလဲ သူက ငါတို့ဇာတ်လိုက်ကိုအမြဲတမ်းသတ်ချင်နေတာမလား''

"အင်း ဟူ ဘယ်လိုထင်လဲ''

"မဟုတ်မှလွဲရော နောက်ထပ် လူသတ်သမားငှားထားတာများလား''

"ဒါပေမဲ့ ဝတ္တုထဲမှာ မပါဘူးလေ''

သုံးယောက်သားခေါင်းချင်းဆိုင်ဆွေးနွေးနေကြသည့်စကားများကို ရှင်းယာကြားသွားတော့သည်။

"တော်ဝင်သောချစ်ခြင်း??''

"ဟင် နင် တော်ဝင်သောချစ်ခြင်းကိုဘယ်လိုသိတာလဲ''

"နင်တို့က ဝတ္တုမှန်းသိတယ်လား ဘယ်လိုလုပ်...''

"အဲ...အဲ..ခဏ နင်ဘယ်သူလဲ ဘယ်လိုလုပ် ငါတို့သာသာရဲ့ဝတ္တုအကြောင်းသိနေရတာလဲ''

"သာသာ?? နင်ပြောတာ 'မေပယ်ရွက်ကလေး'လား''

"အား...သူသိတယ် သူဘယ်လိုသိတာလဲ''

I'm Not A Villian(oc) (Completed)Where stories live. Discover now