အပိုင်း ၅

3.7K 347 8
                                    

အပိုင်း ၅

ခန်းမတွင်းရှိလူများသည် ကျိုးကျစ်လော့ ကပြမည်ကို စောင့်ဆိုင်းလျက်ရှိကြသည်။ ဂီတပညာရှင်ကလည်း တီးခတ်ရန်အသင့်စောင့်နေသည်။ ကျိုးကျစ်လော့သည် သူမ၏လက်များကို မြှောက်ကာ ကကြိုးကို စတင်လိုက်သည်။ ထိုအချိန်တွင် ရှင်းယာ၏ ကလိန်ကကျစ်ဉာဏ်သည် ဖျတ်ခနဲလင်းလက်သွားပြီး...

"ခဏလေး...အကချည်းပဲကျတော့ ပျင်းဖို့ကောင်းတယ် ရာသီဥတုကလည်း ဆောင်းဝင်လာပြီဆိုတော့ လိုက်ဖက်သွားအောင် 'ဆောင်းဦးပန်းကလေး'သီချင်းကို ညီမလေးယုက တီးခတ်ပေးလိုက်ပါလား၊ ညီမလေးကျိုးရဲ့ 'ဇာမဏီမိန်းမပျို'အကနဲ့ဆိုရင် သိပ်ကိုလိုက်ဖက်နေမှာပဲ မဟုတ်ဘူးလား မယ်မယ်''

ရှင်းယာ၏အကြံပြုချက်အဆုံးတွင် မင်းကြီးသည် ခေါင်းတညိမ့်ညိမ့်နှင့်ရှိပြီး မယ်တော်ကြီးမှာ ပျော်ရွှင်စွာ ထောက်ခံနေလေသည်။

...ဟ ဟ ရာရာစစ ငါ့ဇာတ်လိုက်မင်းသမီးကိုများ လာထိချင်သေးတယ်...

ကျိုးကျစ်လော့ ကတော့ ဘာမှထူးခြားမသွားပါ။ အစထဲက သူမ ကတတ်တာလည်း ဇာမဏီမိန်းမပျိုပဲ ရှိတာကြောင့်ဖြစ်သည်။ မင်းကြီး ကျိုးကျစ်လော့ကို စတွေ့စဥ်ကလည်း နှင်းကျနေသောညတစ်ည၌ ရေကန်ငယ်နံဘေးတွင် ဇာမဏီမိန်းမပျိုအက ကနေချိန်ဖြစ်သဖြင့် ဇာတ်လိုက်နှစ်ယောက်၏ အမှတ်တရဆိုလည်းမမှားပေ။

မိဖုရားယုမှာတော့ အလွန်ပင်ထိတ်လန့်သွားလေသည်။ ယခုတီးခတ်ခိုင်းသောသီချင်းမှာ သူမငယ်စဥ်ကတည်းက ဘယ်လောက်သင်သင် ကျွမ်းကျင်အောင်မတီးခတ်နိုင်သော သီချင်းဖြစ်သည်။

...ကောင်းတယ် ဒီမိဖုရားကျောက်က ကျိုးကျစ်လော့ ကို ဒုက္ခပေးရုံတင်မဟုတ်ဘူး ငါ့ကိုပါဖြုတ်ဖို့ကြံနေတာပဲ ဒီတိုင်းတော့ မရဘူး...

"မယ်မယ် ဒီမိဖုရားက...''

မိဖုရားယုသည် အကြောင်းပြကာ ငြင်းဆန်ရန် စကားစလိုက်ရာ ရှင်းယာသည် သူမရှေ့တွင်ရှိသော အချိုပွဲ ထဲမှ စပျစ်သီးတစ်လုံးကိုဖြုတ်ကာ မိဖုရားယု၏ ဟနေသော ပါးစပ်ထဲပစ်ထည့်လိုက်သည်။

မိဖုရားယုသည် မျက်လုံးပြူးကာ သူမ၏လည်ချောင်းကိုဖိနေတော့သည်။ အဝေးမှကြည့်လျှင် သူမသည် ခေါင်းငြိမ့်နေသယောင်ယောင်...

I'm Not A Villian(oc) (Completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα