အပိုင်း ၄၀

1.8K 180 17
                                    

အပိုင်း ၄၀

ရှင်းယာအဆောင်ပြန်ရောက်သောအခါ လွယ်အိတ်ကိုချလိုက်ပြီး လက်တော့ကိုဆွဲထုတ်လိုက်သည်။ ရှယွင်ဖန်း ကားမတော်တဆဖြစ်သည့်အချိန်တွင် ဓာတ်ပုံရိုက်မိသူတော်တော်များများရှိသောကြောင့် သူမ ထိုကိစ္စနှင့်ဆက်စပ်နေသည့်ပုံများကိုရှာဖွေလိုက်ပြီး လူနာတင်ကားကိုရှာလိုက်သည်။ ကားနံပါတ်ကိုမှတ်လိုက်ပြီး ဘယ်ဆေးရုံက ကားလဲဆိုတာကို ရှာဖွေလိုက်သည်။

သူမ ရှာဖွေပြီးသည့်အချိန်တွင် ညနေအချိန်ရောက်သွားပြီဖြစ်သဖြင့် ချန်ရှင်းနှင့် အန်းရန်ရှီတို့ ကျောင်းကပြန်ရောက်လာတော့သည်။

"ယာယာ ကားအက်စီးဒန့်သတင်း ငါတို့သိပြီးပြီ''

"အင်း ငါအခု ဆေးရုံသွားမလို့''

"ငါတို့လဲလိုက်ခဲ့မယ်လေ''

"ရတယ် နင်တို့ပါပျောက်နေရင် အဆောင်မှုးစိတ်ပူနေလိမ့်မယ် ငါသွားတော့မယ်''

"အယ်...ကျောက်ပင်းကို လိုက်ပို့ခိုင်းေလ''

"ရတယ်''

ထို့နောက် ရှင်းယာ အိတ်ကိုလွယ်ပြီး အပြေးထွက်သွားတော့သည်။ ထို့နောက် တက်စီတစ်စီးငှားပြီး ဆေးရုံသို့သွားလိုက်သည်။ သူမ ဆေးရုံရှေ့သို့ရောက်သောအခါ ဟိုတစ်ယောက်ဒီတစ်ယောက်ထိုင်နေကြသော သတင်းထောက်တို့ကြောင့် သူမနေရာမှန်ကိုလာမိပြီဖြစ်ကြောင်း သေချာသွားသည်။

ခပ်တည်တည်နှင့်ဆေးရုံထဲဝင်လာပြီး ကောင်တာရှိ သူနာပြုကိုလှည့်စားကာ ေကာင်တာရှိကွန်ပျူတာကိုဟက်လုိက်သည်။ ထို့နောက် လူနာစာရင်းတွင် ရှယွင်ဖန်းကိုရှာလိုက်သည်။ ရှသားအဖသည် သာမန်သူဌေးများမဟုတ်ဘဲ တိုင်းသိပြည်သိစီးပွားရေးလုပ်ငန်းရှင်များဖြစ်သောကြောင့် ဆေးရုံ၏ အကောင်းဆုံးအထူးခန်းများကနေ စ၍ရှာလိုက်သည်။ ၁၅မိနစ်ခန့်ကြာပြီးနောက် ရှယွင်ဖန်းရှိရာအခန်းကိုတွေ့သွားတော့သည်။ သူမ လက်တော့ကိုပိတ်လိုက်ပြီးအိတ်ထဲပြန်ထည့်ကာ ရှယွင်ဖန်း၏အခန်းတည်ရှိရာ ခုနစ်ထပ်သို့ ဓာတ်လှေကားဖြင့်တက်သွားတော့သည်။

I'm Not A Villian(oc) (Completed)Where stories live. Discover now