အပိုင်း ၄၅

1.5K 139 10
                                    

အပိုင်း ၄၅

ဘွဲ့ရပြီးနောက် ချန်ရှင်းသည် သူမမိဘများရှိရာ နိုင်ငံသို့ပြန်သွားပြီး ထိုနိုင်ငံမှာပင် သူမအဖေကုမ္ပဏီကို ဦးစီးနေတော့သည်။

အန်ရန်ရှီ နှင့် ေကျာက်ပင်းတို့အတွဲကတော့ အစအနပျောက်နေသည်။ ဒီနှစ်များအတွင်း အဆက်အသွယ်မရပေ...

"သဲ''

"ဟင်''

"လက်ထပ်ရအောင်''

"..."

ဤသို့ဖြင့် သူမအသက်၂၅နှစ် ရှယွင်ဖန်းအသက်၃၄နှစ်တွင် သူမတို့နှစ်ဦးလက်ထပ်ခဲ့ကြသည်။ ရှယွင်ဖန်းဆိုသောသူသည် သူမဘဝထဲသို့ ရုတ်တရက်ဝင်ရောက်လာပြီး သူမအားချစ်ခင်ကြင်နာပေးခဲ့သည်။

ရုတ်တရက်ဆိုသလိုပင်လက်ထပ်ခွင့်တောင်းခဲ့သော်လည်း လက်ထပ်ပွဲကတော့ ဖြစ်ကတတ်ဆန်းမဟုတ်ပေ။ သူမစိတ်ကူးယဥ်ခဲ့ရသလို ကမ်းခြေလက်ထပ်ပွဲတစ်ခုဖြစ်ခဲ့သည်။ ရှယွင်ဖန်း၏အဆင့်အတန်းနှင့်အညီ ဧည့်သည်အချို့ဖိတ်ကြားခဲ့ပြီး သူမ၏ အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်ကြသော အန်းရန်ရှီနှင့်ကျောက်ပင်းတို့စုံတွဲအပြင် စီးပွားရေးလုပ်ငန်းရှင်ကြီး ချန်ရှင်းကပါ နိုင်ငံခြားမှ တကူးတကလာရောက်ပေးခဲ့သည်။

အန်းရန်ရှီနှင့်ကျောက်ပင်းတို့သည် နိုင်ငံတကာအသိမှတ်ပြု အိုင်တီပညာရှင်များဖြစ်နေကြလေပြီ...ချန်ရှင်းကလည်း ယခင်ကထက်ပို၍ ရင့်ကျတ်လာပြီး စီးပွားရေးလောကတွင် အောင်မြင်နေပြီဖြစ်သည်။

မကြားသေးမီကမှ လက်ထပ်ထားသော ရှရှောင်ဝေနှင့်ကောင်းမုန့်တို့လဲ မင်္ဂလာပွဲသို့ တက်ရောက်ခဲ့​ြကသည်။ ရှရှောင်ဝေရော ကောင်းမုန့်ပါ အရင်ကနဲ့မတူဘဲ တည်ငြိမ်ရင့်ကျတ်ပြီး ဖြစ်သင့်တာကိုရွေးချယ်သွားကြသည်။

ရှင်းယာ၏ဖခင် မစ္စတာရှင်းသည် ကမ်းခြေရှိ အိမ်နှင့်ခြံကို မင်္ဂလာလက်ဖွဲ့အဖြစ်ပေးခဲ့သည်။

ရှယွင်ဖန်း၏ဖခင် ဥက္ကဌကြီးရှဝေ က မင်္ဂလာစကားပြောကြားပေးခဲ့သည်။

"စီအီးအိုရှ ဂုဏ်ယူပါတယ်''

"ကျေးဇူးပဲ''

I'm Not A Villian(oc) (Completed)Where stories live. Discover now