အပိုင်း ၂၅

2.2K 223 2
                                    

အပိုင်း ၂၅

သတိလွတ်နေသော ချန်ရှင်းကို ရှင်းယာသူမအဆောင်ကိုပဲခေါ်လာခဲ့သည်။ အခန်းဖော်မရှိသောအခန်းထဲတွင် အရာအားလုံးက သပ်သပ်ရပ်ရပ်နှင့်စနစ်တကျရှိနေသည်။ ချန်ရှင်းကို ခုတင်လွတ်တစ်လုံးပေါ်သို့ပစ်တင်လိုက်ပြီး သူမလည်းထိုင်ချလိုက်သည်။

ထို့နောက်ချန်ရှင်းကို ဖိနပ်ချွတ်ပေးပြီး စောင်ခြုံပေးလိုက်သည်။ သူမကတော့ရေမိုးချိုးပြီးမှ အိပ်ယာဝင်လိုက်တော့သည်။
အတွေးထဲတွင်တော့ သခင်က စိုးမိုးနေလျက်...

နောက်နေ့တွင် ချန်ရှင်းသည် သူမ၏ပစ္စည်းပစ္စယတစ်ပုံကြီးနှင့် ရှင်းယာ အခန်းကိုပြောင်းလာတော့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် အန်းရန်ရှီလည်း အထုပ်ပိုက်၍ရောက်ချလာတော့သည်။

"နင်ကပါ ဘယ်လိုလုပ်ရောက်လာတာလဲ''

"အရင်အပတ်တည်းက ငါပြောခဲ့ပြီးသားလေ''

ဟုတ်သည်။ အရင်အခန်းဖော်များသည် စကားများလွန်းပြီး ဆူဆူညံညံလုပ်လွန်းသဖြင့် ဒီအပတ်သူမအခန်းသို့ပြောင်းလာမည်ဟု အန်းရန်ရှီပြောခဲ့ဖူးသည်။

"အစကနေ မိတ်ဆက်ကြတာပေါ့...ဟဲလို ငါကတော့ ချန်ရှင်းပါ ရှင်းယာရဲ့ bffအသစ်''

ရှင်းယာ:"..."

...ငါတို် တစ်ခါလေးပဲ ဘားအတူသွားဖူးတာလေ bffဖြစ်သွားပြီလား...

ရှင်းယာနှင့်အန်းရန်ရှီတို့၏အကြည့်စူးစူးကြောင့် ချန်ရှင်းပခုံးကျုံ့သွားသည်...

"ဘာလဲ မဟုတ်ဘူးလား နင်ကသူငယ်ချင်းအစစ်ပဲဟာ အဲ့ဒါကြောင့် အရင်ကခင်တောင်မခင်တဲ့ငါ့ကိုနှစ်သိမ့်ပေးတယ် အဆောင်မှာလဲအိပ်ခိုင်းတယ်လေ ငါ့မှာဒီလိုသူငယ်ချင်းအစစ်ကိုဘယ်လောက်လိုချင်နေခဲ့လဲ သိလား...အမြဲတမ်းဖားလျားပြီးပူဇော်ပသ နေရတဲ့ဟာတွေနဲ့ သူငယ်ချင်းလုပ်ရတာ ဘယ်လောက်ခက်ခဲတယ်မှတ်လဲ''

ထို့နောက် ချန်ရှင်းကပင်ရယ်မော၍...

"ငါ့မိဘတွေက နိုင်ငံခြားမှာ ဒီမှာတော့ ငါကတစ်ကောင်ကြွက်ပဲ ပြီးပြီ နင်တို့အလှည့်''

I'm Not A Villian(oc) (Completed)Where stories live. Discover now