အပိုင်း ၁၉

2.8K 257 4
                                    

အပိုင်း ၁၉

သူတို့ ခရီးစတင်ထွက်ခွာလာကြသည်မှာ ၇ရက် ရှိပြီဖြစ်သည်။ ရှည်လျားလှသော ကုန်းမြေခရီး အဆုံးတွင် ကျယ်ပြောလှသောပင်လယ်ပြင်ခရီးကဆီးကြိုနေလေသည်။

"အရှင် ပင်လယ်ကူးဖို့ သင်္ဘောငှားဖို့က...''

"ငှားလိုက်လေ''

"ဟိုလေ ငွေကြေးအခက်အခဲလေးရှိလို့...ဒီတိုင်းကုန်တင်သင်္ဘောနဲ့ပဲသွားလိုက်ရင်မကောင်းဘူးလား''

"ကိုယ့်လူချည်းပဲသွားတာက စိတ်ချရတာပေါ့ ငွေကိုစိတ်မပူပါနဲ့''

ချောင်ဘုရင်သည် ချက်ချင်းပင် ငွေသားတစ်ထုပ်ထုပ်ပေးလိုက်လေသည်။
နတ်ဆရာနှင့်မုဆိုးတစ်စု အံ့အားသင့်မင်တက်သွားသည့်အချိန်တွင် ရှင်းယာ၏မျက်နှာမှာ သူမ၏သခင်အတွက်ကျေနပ်ဂုဏ်ယူနေဟန်ဖြင့် ဝံ့ကြွားနေလေသည်။

ပင်လယ်၏ ညကောင်းကင်သည် အကာအကွယ်မရှိသောကြောင့် အမျိုးစုံသောကြယ်များကိုရှင်းလင်းစွာ ရှုစားနိုင်သည်။ လေတဖြူးဖြူးတိုက်နေသော သင်္ဘောထိပ်တွင် တစ်စုံတစ်ရာကိုနက်နက်နဲနဲတွေးနေသောသူမှာ တစ်လောကလုံးတွင်သူတစ်ဦးတည်းရှိနေသည့်အလား...

"ဘာတွေတွေးနေတာလဲ''

မိန်းမဆန်သော အသံနှင့်အတူ လျှောက်လှမ်းလာသော မိန်းမပျိုတစ်ဦး...

ဆွဲမက်ဖွယ်ကောက်ကြောင်းများသည် မြင်ရသူပုရိသများကို ရင်ဖိုစေသည်။

"မိန်းကလေး လီလီ''

"အဟင်း သိပ်လှတဲ့ညလေးပါလားနော် ပိုပြီးထူးခြားသွားအောင် တစ်ခုခုမလုပ်ချင်ဘူးလား''

ချောင်ဘုရင်သည် နှုတ်ဆက်သည့်အချိန်တစ်ခုသာ သူမအားတစ်ချက်လှည့်ကြည့်ပြီး ကြယ်များကိုသာဆက်ကြည့်နေလေသည်။
မတုန်မလှုပ်ဖြစ်နေသော ချောင်ဘုရင်ကြောင့် လီလီနှုတ်ခမ်းဆူသွားသည်။ ထို့နောက် သူမ၏ဖွံ့ထွားသောရင်သားများအား ပင့်တင်လိုက်ပြီးနောက် ချောင်ဘုရင်၏လက်မောင်းကို တွယ်ချိတ်ရန်ကြိုးစားလိုက်သည်။

သို့သော်...

"ဗွမ်း...''

"အား....''

I'm Not A Villian(oc) (Completed)Tahanan ng mga kuwento. Tumuklas ngayon