အပိုင်း ၄၇

1.4K 107 4
                                    

အပိုင်း ၄၇

ရှယွင်ဖန်း ဟိုတယ်သို့ပြန်ရောက်လာသောအခါ ဟိုတယ်ဧည့်ခန်းတွင် ရင်းနှီးသောပုံရိပ်လေးတစ်ခုတွေ့လိုက်ရသဖြင့် ထိုနေရာသို့လျှောက်သွားလိုက်သည်။

"ယာယာ?''

ရှင်းယာသည် ဖုန်းကိုငုံ့ကြည့်နေရာမှ မော့ကြည့်လိုက်သောအခါ သူမ၏ချစ်ခင်ပွန်းကိုတွေ့လိုက်ရလေသည်။

"ကိုကို''

"ယာယာ သဲဘယ်လိုလုပ်ရောက်လာတာလဲ''

"လိုင်းပေါ်က ကောလာဟလတွေကြောင့် စိုးရိမ်လို့''

"သူတို့ပြောသလောက်အခြေအနေမဆိုးသေးပါဘူး ကိုယ်အသေးစိတ်ပြောပြမယ်''

သူမတို့နှစ်ဦး ရှယွင်ဖန်း၏အခန်းထဲသို့သွားလိုက်ပြီးနောက် သူကအသေးစိတ်ရှင်းပြလေသည်။

"ဘာ ဒါဆို ဂိမ်းထဲကို မနက်ဖြန်ဝင်ရမှာပေါ့''

"အင်း''

"မဖြစ်ဘူး ကိုကို့ကိုစိတ်မချနိုင်ဘူး ဒီလိုနဲ့ကိုကိုပါပြန်မနိုးလာရင်ဘယ်လိုလုပ်မလဲ''

"အဲ့လိုမဖြစ်နိုင်ပါဘူး ကိုယ်တို့မှာ ကောင်းဖန်ရှိတဲ့အပြင် တခြားဆေးဘက်ဆိုင်ရာ ပါရဂူတွေနဲ့လဲ ဆက်သွယ်ပြီးသွားပြီ သူတို့က တစ်ခုခုဆိုဖြေရှင်းဖို့အနားမှာရှိနေလိမ့်မယ်''

"ကိုကို တစ်ယောက်ထဲလား''

"အင်း''

ရှင်းယာသည် ရှယွင်ဖန်း၏ခါးကိုဖက်လိုက်ပြီး ရင်ခွင်ထဲတိုးဝင်လိုက်ကာ...

"မသွားပါနဲ့နော် ကိုကို့ သဲစိတ်ထင့်နေတယ်''

ရှယွင်ဖန်းသည်လည်း ရှင်းယာကိုပြန်လည်ထွေးပွေ့လိုက်ပြီး...

"ကိုယ်က ဒီကိစ္စကိုစတင်ခဲ့တဲ့သူလေ ကိုယ့်ကြောင့်အပြစ်မရှိတဲ့လူတွေ ဒုက္ခရောက်တာကို ကိုယ်ဘယ်ကြည့်နေနိုင်ပါ့မလဲ သဲကရော ကိုယ့်ကို တာဝန်မယူတတ်တဲ့လူဖြစ်စေချင်လို့လား''

"....ဒါဆိုရင် သဲလဲလိုက်မယ်''

ရှယွင်ဖန်းသည် သူမကိုလွှတ်လိုက်ပြီး လေသံမာမာဖြင့်...

"မဖြစ်ဘူး သဲမလိုက်ရဘူး''

"မရဘူး ကိုကိုသွားမယ်ဆိုရင် သဲပါလိုက်ခဲ့မယ်''

I'm Not A Villian(oc) (Completed)Where stories live. Discover now