အပိုင်း ၉
မိန်းလမ်းမ၏စည်ကားသောစျေးတွင် လူများစွာသွားလာလှုပ်ရှားနေကြသည်။ အစိမ်းရောင်ဝတ်စုံဝတ်ထားသောမိန်းမငယ်လေးသည် ဆေးဆိုင်တစ်ခုရှေ့တွင်ရပ်ကာ ဆိုင်ထဲသို့ငေးကြည့်နေသည်။ ဝင်ရကောင်း မဝင်ရကောင်း နှင့် ချီတုံချတုံဖြစ်နေရင်းမှ ဆုံးဖြတ်ချက်ချကာ ဆိုင်ထဲသို့ဝင်လိုက်လေသည်။
"ကြွပါ ဘာဆေးလိုချင်ပါသလဲမိန်းကလေး''
"အရိုးအဆစ်နာတာပျောက်တဲ့လိမ်းဆေး လိုချင်လို့ပါ''
"ဟုတ်ကဲ့ ငွေစ ၃စပါ''
"ကျေးဇူးပါ''
ထွက်ခွာသွားသောမိန်းကလေး၏နောက်ကျောကိုကြည့်ရင်း ကျေနပ်စွာပြုံးလိုက်သည်။ ထို့နောက်ငွေသုံးစထဲမှ ငွေတစ်စကိုယူကာ အင်္ကျီထဲထည့်ထားလိုက်သည်။
"ရှင်းယာ''
"ဟုတ်ဖိုးဖိုး''
"ဆေးတွေကိုစျေးတင်ရောင်းပြန်ပြီမဟုတ်လား''
ရှင်းယာမျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဗြောင်လိမ်လိုက်သည်။
"ဟင် မဟုတ်ပါဘူး''
"မင်းဟာလေ ပြောစကားကိုလုံးဝနားမထောင်ဘူး''
"ဖိုးဖိုးကလည်း ဖိုးဖိုးရဲ့ဆေးတွေကတကယ်ကောင်းတာကို ဒီလောက်တော့ရောင်းသင့်တာပေါ့''
"မင်းနဲ့ပြိုင်မပြောတော့ဘူး ငါ့ဆိုင်ကစျေးကြီးလို့ဝယ်သူမလာရင် မင်းရဲ့လစာထဲကဖြတ်မယ်''
ကောင်းဖိုးဖိုးသည် သူမအား ကြိမ်းမောင်းပြီး အခန်းတွင်းသို့ပြန်ဝင်သွားတော့သည်။ မိဖုရားကျောက်အဖြစ်ကိုစွန့်လွှတ်ပြီးနောက် သူမ၏အမည်ရင်းဖြစ်သော ရှင်းယာ ကိုသုံး၍ ကောင်းဖိုးဖိုး၏ဆေးဆိုင်ငယ်လေးတွင် အရောင်းစာရေးဝင်လုပ်နေလိုက်သည်။ တစ်ပတ်ကိုအားလပ်ရက်တစ်ရက်ယူကာ ထိုအားလပ်ရက်တွင်မြို့တော်အနှံ့လျှောက်သွားပြီးလေ့လာရေးလုပ်သည်။ သူမ၏ပြီးပြည့်စုံသောကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ်ရမှသာ ဤကမ္ဘာမှထွက်ခွင့်ရမည်ဖြစ်သဖြင့် ကြိုးစားရှာဖွေနေခြင်းပင်။
မနက်ဖြန်တွင် အားလပ်ရက်ဖြစ်သဖြင့် ယနေ့အလုပ်လုပ်ရသည်မှာအားရှိနေသယောင်ယောင်...
..........................
YOU ARE READING
I'm Not A Villian(oc) (Completed)
Fantasyဗီလိန် မဖြစ်ဖို့ကြိုးစားနေတဲ့ မိန်းကလေး...