အပိုင်း ၄၈(ဇာတ်သိမ်း)

2.7K 117 12
                                    

အပိုင်း ၄၈ (ဇာတ်သိမ်း)

...ကိုကို ဒီနေ့ ယာယာ အမေ့ဆီသွားတော့ဆရာဝန်က ဘာပြောလဲသိလား...အမေ့အခြေနေတိုးတက်လာတယ်တဲ့ ဒီလအတွင်းတောင် ပြန်သတိလည်လာနိုင်တယ်တဲ့ ကိုကိုမပျော်ဘူးလားဟင်...

...ကိုကို ဒီနေ့ ယာယာ့စာအုပ်အသစ်ထွက်တယ် ပရိတ်သတ်တွေအများကြီးပဲသိလား ကိုကို့သဲတုံးလေးက အခု အောင်မြင်တဲ့စာရေးဆရာမကြီးဖြစ်နေပြီကိုကိုရဲ့...

...ကိုကို ဒီနေ့လဲယာယာကိုကို့ကို အရမ်းလွမ်းနေတယ် ကိုကိုဘယ်တော့ပြန်လာမှာလဲဟင် ယာယာသိတယ် တစ်နေ့ကိုကိုယာယာ့ဆီကိုပြန်လာမှာ အဲ့ဒီနေ့ ဘယ်လောက်ကြာကြာ ယာယာစောင့်နေမယ်နော်...

...ကိုကို ဒီနေ့ ယာယာတို့မင်္ဂလာနှစ်ပတ်လည်နေ့နော် ကိုကိုနဲ့နှစ်ယောက်အတူ ကိတ်ခွဲနေကျမို့လို့လားမသိဘူး တစ်ယောက်ထဲဖယောင်းတိုင်လေးတွေ ​ြငိမ်းသွားတဲ့ထိထိုင်ကြည့်နေမိတယ် အရမ်းလွမ်းတယ်ကိုကို...

...ရှယွင်ဖန်း ရှင်လူယုတ်မာ တစ်သက်လုံးအတူရှိနေပေးမယ်ဆိုပြီးတော့ ထားခဲ့ရက်တယ် ရှင်ပြန်လာရင်ကောင်းကောင်းအပြစ်ပေးပစ်မယ်...

ရက် မှ လ ။
လ မှ နှစ်သို့ ကူးပြောင်းသွားလေပြီ...
ရှယွင်ဖန်းပျောက်သွားပြီး တစ်နှစ်အကြာတွင် ထူးဆန်းသောသတင်းတစ်ပုဒ် အင်တာနက်ပေါ်တွင်ပျံ့နှံ့လာတော့သည်။

"လွန်ခဲ့တဲ့တစ်နှစ်က ဖြစ်ခဲ့တဲ့ ဂလက်စီနည်းပညာရဲ့ စိတ်ကူးယဥ်အတွေးကမ္ဘာဂိမ်းကြောင့် ကိုမာဝင်ပြီး သတိပြန်လည်မလာတော့သူများရှိခဲ့ပါတယ်...

အထက်ပါဖြစ်ရပ်ကြောင့် ဂလက်စီ၏ စီအီးအို ရှရှောင်မို တရားစွဲခံရပြီး ကုမ္ပဏီ၏ ရှယ်ယာများထိုးကျသွားခဲ့ပါတယ်...

ဒါ့အပြင် ဂလက်စီ၏ စီအီးအိုဟောင်း ရှယွင်ဖန်းလဲပျောက်ဆုံးသွားပြီး အခုထိအစရှာမရသေးပါဘူး...

သို့သော် မကြာသေးမီက ဂိမ်းကြောင့် ကိုမာရောဂါဖြစ်သွားကြသူများထဲမှ အချို့ဟာ ပြန်လည်သတိရလာကြသည် ဟု ကောလာဟလ များ အရ သိရပါတယ်...

ဒါဟာ ပျောက်ဆုံးနေတဲ့ စီအီးအိုရှယွင်ဖန်း နဲ့များပတ်သတ်နေမလားဆိုတာ အငြင်းပွားစရာဖြစ်နေပါတယ်...''

I'm Not A Villian(oc) (Completed)Where stories live. Discover now