အပိုင်း ၄၆

1.7K 133 11
                                    

အပိုင်း ၄၆

မနက် ၂နာရီခွဲအချိန်တွင် ရှင်းယာ၏လက်တော့မှာမီးလင်းနေသလို စာရိုက်သံတချောက်ချောက် မြည်နေလေသည်။ သူမမနက်ဖြန်အတွက်ပေးရမည့်စာမူကို အပြီးသတ်နေခြင်းပင်...

ရှယွင်ဖန်းသည် Aမြို့သို့အလုပ်ကိစ္စခရီးထွက်သွားသဖြင့် အိမ်တွင်သူမတစ်ယောက်ထဲကျန်ခဲ့လေသည်။ ရေဆာသဖြင့်ဖန်ခွက်ကိုလှမ်းယူလိုက်ရာ ဖန်ခွက်ထဲတွင်ရေတစ်စက်မှမရှိတော့သည်ကိုတွေ့လိုက်ရသည်။ ထို့ကြောင့် သူမရေယူရန် အောက်ထပ်သို့ဆင်းသွားလိုက်သည်။

ရေခဲသေတ္တာထဲမှ ရေကရားကိုထုတ်လိုက်ပြီး သူမ၏ဖန်ခွက်ထဲသို့ဖြည့်လိုက်သည်။ထို့နောက် ရေသောက်ကာ နောက်ထပ်ရေတစ်ဖန်ခွက်ကိုပါထည့်ယူလာလိုက်သည်။

ထို့နောက်ရေးလက်စ စာမူကိုလက်စသတ်လိုက်ပြီး မေးလ်ဖြင့်ပို့လိုက်ကာ မနက်၃နာရီထိုးမှ အိပ်ပျော်သွားသည်။ သူမအိပ်ယာနိုးလာသောအခါ မနက် ၁၁နာရီ ရှိနေပြီကိုတွေ့လိုက်ရသည်။

သူမသန့်ရှင်းရေးလုပ်ပြီး နေ့လည်စာအတွက်ချက်ပြုတ်လိုက်သည်။ သူမ၏ချစ်လှစွာသော စီအီးအိုကြီးသည် သူမတို့၂ယောက်ကြားနှောင့်ယှက်မည့် အပြင်လူမထားချင်သဖြင့် အိမ်အကူပင်ခေါ်မထားပေ...

ထို့ကြောင့် သူမကသာ ချက်ပြုတ်ရသည်။ ထို့နောက် သူမဆေးရုံသွားဖို့ပြင်ဆင်လိုက်ပြီး ကားမောင်း၍ထွက်လာခဲ့သည်။ ရှယွင်ဖန်း၏မိခင်သည် ကိုမာရောဂါသည်ဖြစ်သည့်အတွက် ဆေးရုံတွင်နေရသည်မှာ နှစ်ပေါင်းများစွာကြာလှပြီဖြစ်သည်။

သူမတို့ကလည်း အားလပ်ရပ်တိုင်း တစ်ပတ်တစ်ခါသွားကြည့်ပေးဖြစ်သည်။ အထူးသူနာပြုငှားထားသောကြောင့် စိတ်ပူစရာမရှိသော်လည်း သူမကိုယ်တိုင်က သူမ၏မိခင်သဖွယ်ပြုစုချင်မိသောကြောင့် လာကြည့်ပေးခြင်းဖြစ်သည်။

သူမဆေးရုံရောက်သောအခါ ရေပတ်တိုက်ပေးနေသည်ကိုတွေ့ရသဖြင့် သူနာပြုကိုနားခိုင်းပြီး သူမကိုယ်တိုင်ရေပတ်တိုက် သန့်ရှင်းရေးလုပ်ပေးဖြစ်သည်။

လိုအပ်နေသည့်ပစ္စည်းအချို့ဝယ်ရန် ဆေးရုံခန်းမှထွက်လာသောအခါ သူနာပြုတချို့ပြောနေသောစကားများကိုတစ်စွန်းတစ်စကြားလိုက်ရတော့သည်။

I'm Not A Villian(oc) (Completed)Where stories live. Discover now