အပိုင်း ၄၁

1.5K 177 11
                                    

အပိုင်း ၄၁

"စိတ်ပူစရာမလိုပါဘူး ရှော့ရသွားလို့ ခေတ္တအတိတ်မေ့သွားတာပါ တစ်ရက်နှစ်ရက်ပါပဲ ပြန်သတိရလာမှာပါ''

ဆရာဝန်၏ပြောစကားကြောင့်သူမ အနည်းငယ်စိတ်သက်သာရာရသွားသည်။ ဆရာဝန်ထွက်သွားပြီးနောက် သူမနှင့်ရှယွင်ဖန်းနှစ်ယောက်ထဲသာကျန်ခဲ့လေသည်။

ရှယွင်ဖန်း၏သူစိမ်းဆန်ဆန်မျက်ဝန်းများသည် သူမရင်အားထိုးဆွနေသလို...

"မင်းက ဘယ်သူလဲ''

အချိန်ကြာမြင့်စွာမေ့မျောနေပြီးနောက် ပြန်နိုးထလာသည့်အခါ ပထမဆုံးပြောသည့်စကားမှာ ဝမ်းမြောက်စရာမရှိလှ...

ခပ်အက်အက်အသံကြောင့် သူရေဆာနေလိမ့်မည်အထင်နှင့် သူမ ေရခွက်ကိုယူလိုက်ပြီး သူ့အားပေးလိုက်သည်။

"ကျ​ွန်မက လူနာစောင့်ပါ ရှင်လိုအပ်တာရှိရင် ကျွန်မကိုပြော အားမနာနဲ့ ငွေပေးထားတာပဲ''

"အော်''

ထို့နောက် သူမပေးလာသောရေခွက်ကိုယူကာ သောက်ရန်ဟန်ပြင်လိုက်သည်။

"တစ်ခါထဲအများကြီးမသောက်နဲ့...လည်ပင်းနင်လိမ့်မယ် နည်းနည်းပဲသောက်...''

"အင်း''

ထို့နောက် ​ပြန်လှဲသွားသော သူ့ကိုစောင်ခြုံပေးလိုက်ပြီး...

"ဒါဆို ကျွန်မ ရှင်စားလို့ရမဲ့အစားအစာတွေကိုဆရာဝန်ဆီသွားမေးလိုက်အုံးမယ်...ရှင့်သူငယ်ချင်းကောင်းရန်ကိုဖုန်းဆက်ထားတယ် ခဏနေရင်သူရောက်လာလိမ့်မယ်''

"နေအုံး...ငါဘာကြောင့်ဆေးရုံရောက်ပြီးအတိတ်မေ့နေတာလဲ''

"အဲ့ဒါက ရှင်ကားမတော်တဆဖြစ်ခဲ့တာကြောင့်ပါ အသေးစိတ်ကနည်းနည်းရှုပ်တယ် ကျွန်မပြောလို့မသင့်တော်ဘူး ရှင့်သူငယ်ချင်းလာမှမေးလိုက်ပါ ခွင့်ပြုပါအုံး''

သူစိမ်းတစ်ယောက်သဖွယ်ဖြစ်နေသော ချစ်သူကို သူမဆက်မကြည့်ရက်ပေ...

သူမသည် သူ၏ချစ်သူပါ ဟုပြောလိုက်လျှင် သူမယုံမကြည်ဖြစ်ပြီး သူမကိုလက်မခံမှာ သူမကြောက်သည်။ လူနာစောင့် ဟု ပြောလိုက်ခြင်းက ရှယွင်ဖန်းအား သက်သောင့်သက်သာဖြစ်စေလိမ့်မည်ဟု မျှော်လင့်မိသည်။
အနည်းဆုံးတော့ သူအသက်ရှင်နေသေးတာပဲလေ...

I'm Not A Villian(oc) (Completed)Where stories live. Discover now