အပိုင်း ၁၂
ရှောင်ကျောင်းရောက်လာသောအခါ စစ်သူကြီးသည် ရှောင်ကျောင်းအား ေမးလေတော့သည်။
"ရှောင်ကျောင်း ကွေဟွားမုန့်က မင်းလုပ်တာဆို''
ခက်ထန်နေသော သခင်မ၏မျက်နှာသည် ရှောင်ကျောင်းအားထိတ်လန့်စေသည်။ အခြားအစေခံများ၏ အမူအရာများကိုအကဲခတ်ခြင်းအားဖြင့် မုန့်လုပ်သူမှာ သူမဖြစ်ကြောင်း စစ်သူကြီး ကြိုတင်သိထားပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် သူမငြင်းမနေတော့ပဲ...
"ဟုတ်ပါတယ်''
"ဒါဆို ဒီမုန့်က တခြားကွေဟွားမုန့်တွေနဲ့မတူပဲ ထူးခြားကောင်းမွန်နေတာ ဘာကြောင့်လဲ''
"ဒါက...ကျွန်မရဲ့ဇာတိမြေကအတိုင်းပြုလုပ်ထားလို့ပါ ဒီမြို့တော်က ကွေဟွားမုန့်တွေဘယ်လိုလုပ်သလဲဆိုတာ ကျွန်မမသိတော့ ဘာကွာခြားသလဲဆိုတာမပြောတတ်ပါဘူးရှင်''
"ဪ ဒီလိုလား ဒါဆိုကောင်းပြီ နောက် ကွေဟွားမုန့်လုပ်တဲ့အခါ ရှောင်ကေျာင်းပဲလုပ်ပေါ့''
"ဟုတ်ကဲ့''
"ရှင်မ သူ့ကိုဆုချလိုက်ပါအုံး''
"ဆုလား ပေးရမှာပေါ့...''
သခင်မ၏အကြည့်သည် မီးဝင်းဝင်းတောက်နေပေပြီ...
စစ်သူကြီးပြန်သွားသောအခါ ရှောင်ကျောင်းအား အစေခံနှစ်ယောက်က ထင်းဂိုထောင်သို့ခေါ်သွားတော့သည်။"သခင်မ ကျွန်မ ဘာအမှားလုပ်မိလို့ပါလဲ''
"နင့်အမှားနင်မသိသေးဘူးလား ငါအရင်တစ်ခါဆုံးမထားတဲ့ကြားက အခုစစ်သူကြီးကို မုန့်လေးလုပ်ပြီးချဥ်းကပ်တယ်ပေါ့''
"မဟုတ်ပါဘူး ကျွန်မမလုပ်ချင်ခဲ့ပါဘူး''
"ကြာပွတ်ပေးစမ်း''
"သခင်မ မလုပ်ပါနဲ့...အား....''
ထိုစဥ် စစ်သူကြီး၏အနီးကပ်အစေခံသည် အော်ဟစ်သံများကြောင့် ထင်းဂိုထောင်အနီးသို့သွားကာ ခိုးနားထောင်သောအခါအဖြစ်မှန်ကိုသိသွားတော့သည်။ ထို့နောက်စစ်သူကြီးထံသွားကာ သတင်းပို့လိုက်တော့သည်။ စစ်သူကြီးသည် ချက်ချင်းပင်လိုက်လာပြီး တားဆီးလိုက်သည်။
YOU ARE READING
I'm Not A Villian(oc) (Completed)
Fantasyဗီလိန် မဖြစ်ဖို့ကြိုးစားနေတဲ့ မိန်းကလေး...