အပိုင်း ၁၃

3.2K 281 7
                                    

အပိုင်း ၁၃

ကျဲရှီသည် သခင်မဆီမှအပြန်ခြေလှမ်းများလေးလံနေသည်။ သခင်မက ရှောင်ကျောင်းဟူသောအစေခံမလေးကိုသတ်ရန်အမိန့်ပေးလိုက်သည်။ ရှောင်ကျောင်းနှင့်ရင်းနှီးသည့်ဆက်ဆံရေးမဟုတ်ပေမဲ့ သူနဲ့ဆုံတိုင်း ကြောက်လန့်နေတတ်သော သူမ၏မျက်ဝန်းများကိုစွဲလမ်းမိနေသည်။

ဘာတတ်နိုင်မှာလဲ သတ်ဆိုလဲသတ်ပေါ့ ၊ နည်းနည်းတော့နှမြောမိပေမဲ့လို့ပေါ့...

သူ့အခန်းကိုပြန်ရောက်သောအခါ ရေစည်ထဲတွင်တော်တော်ကြာရေစိမ်နေရင်း ရှောင်ကျောင်းကိုတွေးမိသည်။
အရိုက်ခံထားရတယ်တဲ့...ဆေးလိမ်းပေးမဲ့သူရောရှိပါ့မလား...

...မကြာခင်ကိုယ့်လက်နဲ့သတ်ရတော့မဲ့သူကို ဆေးလိမ်းပေးဖို့စိတ်ပူနေတာ နည်းနည်းတော့ရူးမိုက်သလိုပဲ...

ထပ်မတွေးတော့ပဲ ရေစည်ထဲမှထလိုက်သည်။ ကျစ်လစ်တုတ်ခိုင်သော လက်မောင်း ရင်ဘတ်နှင့်ဝမ်းဗိုက်ကြွက်သားများ၏ ဆွဲဆောင်မှုသည် သူ၏အညိုရောင်အသားအရည်နှင့်တွဲစပ်လိုက်သောအခါ ကြမ်းတမ်းပြီး ထိတ်လန့်ဖွယ်ဖြစ်နေသည်။ ေခြတစ်လှမ်းလှမ်းလိုက်တိုင်း ရေစက်တချို့ကြောင့် ကြမ်းပြင်စိုရွှဲသွားသည်။ ခြောက်သွေ့သောအဝတ်တချို့ကိုဝတ်ဆင်လိုက်ပြီး သူ၏လက်နက်များထားရာစားပွဲပေါ်သို့အကြည့်ရောက်သွားသည်။ မြက်ခင်းပြင်လူမျိုးစုများဖြစ်သော ကျဲရှီ၏မျိုးနွယ်စုသည် ဟန်လူမျိုးများကဲ့သို့ဓားရှည်ကိုင်ဆောင်ခြင်းမရှိပေ။

ကြာပွတ်တစ်ချောင်းကိုခါးတွင်အမြဲဆောင်လေ့ရှိပြီး ဓားတိုတစ်ချောင်းကိုလည်း ဆောင်ထားတတ်ကြသည်။ ​

သူသည်ဓားတိုအားကောက်ယူလိုက်ပြီး သေသေချာချာကြည့်နေမိသည်။ ရှောင်ကျောင်းလို သိုင်းပညာမသိသောမိန်းမငယ်လေးအားသတ်ရန် ဓားတိုတစ်ချောင်းသည် ပြီးပြည့်စုံသောလက်နက်ဖြစ်သည်။

သန်းခေါင်ယံတွင် အိပ်ယာမှထကာ ကြာပွတ်ကိုဘယ်ဘက် ခါးတွင်ချိတ်လိုက်သည်။ ဓားတိုထည့်ထားရာ ဓားအိမ်ကို ညာဘက်ခါးတွင်ချိတ်လိုက်ပြီး သားကောင်ရှိရာသို့ စတင်ထွက်ခွာလိုက်သည်။ အစေခံမိန်းမငယ်လေးများ၏နေရာသည် လူအများနေရသော ဆေးရုံကဲ့သို့အဆောင်ခန်းမျိုးဖြစ်သည်။ အခန်းတစ်ခန်းတွင် အစေခံ ၈ယောက်နေရသော်လည်းကိုယ့်ခုတင်နှင့်ကိုယ်မို့သပ်သပ်ရပ်ရပ်ရှိသည်။

I'm Not A Villian(oc) (Completed)Where stories live. Discover now