အပိုင်း ၂၂

2.3K 216 4
                                    

အပိုင်း ၂၂

Zတက္ကသိုလ်ရှိ ကျောင်းဆေးခန်းတွင် ဆရာဝန်ဂျူတီကုတ်ဝတ်ဆင်ထားသော လူတစ်ယောက်နှင့် အင်္ကျီအဖြူ ဘောင်းဘီရှည်အနက်တို့ကိုဝတ်ဆင်ထားသည့် ခပ်ချောချောအမျိုးသား တို့ စကားပြောဆိုနေကြသည်။ နှစ်ဦးစလုံးမှာ အသက် ၃၀ အရွယ်ဖြစ်ကြပြီး ဂျူတီကုတ်ဝတ်ထားသူမှ...

"ဒါတကယ်အလုပ်မဖြစ်ဘူးပဲ''

"အခြေအနေက လုံးဝကိုမကောင်းဘူး''

ခန့်ညားသောရုပ်ရည်ပိုင်ရှင်အမျိုးသားသည် ဒေါသထွက်နေဟန်ရှိသော်လည်း ဆရာဝန်အမျိုးသားမှာ ခေါင်းငိုက်စိုက်ကျနေလေသည်။

"ကောင်းရောပဲ...မင်းငါနဲ့မတိုင်ပင်ဘဲ ဟိုကလေးမကို စမ်းသပ်ပစ်လိုက်တယ် ကံကောင်းလို့သာပေါ့ မဟုတ်ရင် သူ့တစ်သက်လုံး ကိုမာရောဂါနဲ့ရှင်သန်သွားရတော့မလို့''

ခပ်ချောချောအမျိုးသားသည် ဒေါသထွက်နေသော်လည်း ထိစပ်မတပ်တွန့်ကွေးနေသောမျက်ခုံးနှစ်ခုသည် သူ၏ခန့်ညားသောရုပ်ရည်ကိုအားဖြည့်ပေးလိုက်သည့်နှယ် ပို၍ပင် ထည်ဝါသွားတော့သည်။

"အခု ဘာမှဖြစ်မသွားဘူးမလား''

"ဘာမှမဖြစ်သွားဘူးလား?? သူဇာတ်ကောင်လွှမ်းမိုးခံရပြီး အသိစိတ်ပျောက်သွားတာနော်''

"ဒါက မထင်မှတ်ဘဲဖြစ်သွားတာလေ...ငါလဲဒီလိုဖြစ်လိမ့်မယ်လို့ ဘယ်ထင်မှာလဲ...မျက်မှန်တပ်ပြီးခလုတ်နှိပ်ပေးလိုက်ရင် ဂိမ်းထဲတန်းရောက်ရမယ့်ဟာကို ပုံရိပ်ယောင်ကမ္ဘာထဲရောက်သွားတာ...ကံကောင်းလို့ သူ့စိတ်ကူးထဲကအိုင်ဒေါပုံစံကို copyကူးပြီး လမ်းတည့်ပေးလိုက်လို့သာပေါ့''

"အမှန်ဆိုမဖြစ်သင့်ဘူးလေ သူ့အသက်အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရတာနော်''

"အေး ငါလဲမသိတော့ဘူးကွာ...ငါတို့ရှာရမဲ့errorက အဲ့ဒါပဲ''

(error=ချို့ယွင်းချက်)

"အင်း''

ဆရာဝန်အမျိုးသားသည် တည်ငြိမ်သွားသော ကိုလူချောကိုကြည့်ကာ စသလိုနောက်သလိုနှင့်...

္''ရှယွင်ဖန်း မင်းဒီကလေးမကိုအဲ့လောက်တောင် သံယောဇဉ်တွယ်သွားတာလား...မဟုတ်သေးပါဘူး...သူ့ကိုကူညီဖို့အတွက်နဲ့ မင်းကို သူ့ရဲ့ပါဝါအရင်းအမြစ်ဖြစ်တဲ့NPCနေရာကိုထည့်လိုက်တာနော် ဘယ်လိုလဲ အချစ်တွေမွေးဖွားလာပြီလား''

I'm Not A Villian(oc) (Completed)Where stories live. Discover now