အပိုင်း ၂၈

1.9K 196 4
                                    

အပိုင်း ၂၈

လူချမ်းသာကောင်လေးအချို့သည် အသားဖြူဖြူကောင်လေးတစ်ယောက်ကို ဝိုင်းနှိမ်နေကြဟန်တူသည်။

"ရိုး...ကျောက်ပင်း...ကုန်တိုက်တွေဘာတွေလာလို့ပါလား ဘာလာလုပ်တာလဲ အဆင်လာငမ်းတာလား''

"ငါ့ဖင်ကြီးကိုငမ်း...ရှရှောင်ဝေ မင်းငါ့ကိုပြသနာလာမရှာလို့မရဘူးလား''

ကျောက်ပင်းနှင့်ရှရှောင်ဝေ တို့သည် သူငယ်ချင်းဖြစ်ခဲ့ဖူးကြသည်။ ကျောက်ပင်း၏ခပ်နွဲ့နွဲ့ပုံစံနှင့် ရည်းစားမရှိစင်ဂယ်ဖြစ်နေခြင်းတို့ကြောင့် ရှရှောင်ဝေနှင့်တခြားသူငယ်ချင်းများ၏လှောင်ပြောင်မှုကိုခံရပြီး သူငယ်ချင်း ဆက်မလုပ်ဖြစ်တော့ပေ။

သို့သော်လည်း တွေ့သည့်နေရာတွင် လှောင်ပြောင်အနိုင်ကျင့်ကြစမြဲပင်...

"ဘာလဲ မဟုတ်ဘူးလား...မင်းက မိန်းမတွေကိုမကြိုက်ဘူးမလား ဒါဆိုယောကျ်ားတွေပဲကြိုက်တာပေါ့ မဟုတ်လို့လား...''

ရှရှောင်ဝေ ကို ကျောက်ပင်းတော်တော်စိတ်ပျက်မိသွားသည်။ လူသားတစ်ယောက်အနေနဲ့ လိင်မခွဲခြားသည့် ချစ်ခြင်းကိုလက်ခံပေးနေသည့်ခေတ်တွင် သူ့အားဂေးတစ်ယောက်ဟုဆိုကာ လှောင်ပြောင်နေသည်။ သူက ဂေးမဟုတ်သော်လည်း ရှရှောင်ဝေထိုသို့ပြောလာသည့်အခါ စိတ်မတိုဘဲမနေနိုင်ပါ။

"မဟုတ်ဘူး ငါကမိန်းမကိုပဲကြိုက်တာ''

"ဟားဟား ဟားဟား ဒါဆိုမင်းပြောလေ ငါ့ကောင်မလေးလို ဆွဲဆောင်မှုရှိတဲ့ပုံစံလား ဒါမှမဟုတ် ချစ်စရာကောင်းတဲ့ပုံစံမျိုးလား အားမနာပါနဲ့ကွာ ငါရှာပေးမှာပေါ့''

"ငါအဲ့လိုပုံစံမျိုးတွေမကြိုက်ဘူး ငါကြိုက်တာက...''

သူပြောချင်ပါသော်လည်းပြောမထွက်ပေ။ ရှရှောင်ဝေ ပြောသောမိန်းကလေးမျိုးတွေကိုတော့သူမကြိုက်တာအမှန်ပင်...

အရင်က သူများတွေစနောက်လွန်းသဖြင့် သူ့ကိုယ်သူ ယောကျ်ားတွေကိုကြိုက်သလားဆိုတာတောင် သံသယဝင်မိသည်။ သို့သော်လည်း မဟုတ်ပေ။ သူမိန်းကလေးတွေကိုသာကြိုက်ပါသည်။ ဘယ်လိုမိန်းကလေးမျိုးလဲဆိုတာတော့...သူလဲမသိပေ...

I'm Not A Villian(oc) (Completed)Where stories live. Discover now