အပိုင်း ၄

3.8K 343 0
                                    

အပိုင်း ၄

"မယ်မယ် မိဖုရားကျောက်ဝတ်ခိုင်းတာကို တကယ်ဝတ်မလို့လား ကျွန်မတော့ သိပ်မသင်္ကါဘူး''

ကျိုးကျစ်လော့သည် သက်ပြင်းအသာချလိုက်ပြီး...

"ဒါပေမဲ့လည်း အမိန့်ကိုမှမလွန်ဆန်နိုင်တာ နင်ပြောကြည့်လေ အရင်စီစဥ်ထားတဲ့အဖြူရောင်ကိုပဲဝတ်သင့်လား''

"တကယ်တော့ အဲ့ဒီအဖြူရောင်ကိုလည်း သိပ်မကြိုက်ဘူး မယ်တော်ကြီးကအဖြူရောင်ကြိုက်တာ ဟုတ်ပါ့မလား''

"ဘာပဲဖြစ်ဖြစ် ငါ့လိုနောက်ခံမရှိတဲ့ ကိုယ်လုပ်တော့အဆင့်က နောက်ခံကောင်းတဲ့ မိဖုရားကျောက် ကို မဆန့်ကျင်သင့်ဘူး နန်းတော်မှာ အသက်မြဲချင်ရင်တော့ လိုက်လျောညီထွေ နေရမှာပဲ

မိဖုရားကျောက် ပို့လိုက်တဲ့ဝတ်စုံယူခဲ့ အချိန်နီးကပ်နေပြီမလား နောက်မကျသင့်ဘူး''

"ဟုတ်ကဲ့''

ကျိုးကျစ်လော့ သည် အစေခံမလေးယူလာပေးသော မက်မုံပန်းရောင် ဝတ်စုံကိုကြည့်လိုက်သည်။ ပုံစံမှာရိုးရှင်းသော်လည်း မက်မုံပန်းပွင့်များကို ရေးခြယ်ထားသဖြင့် ထူးခြားလှပသည်။ မိဖုရားကျောက်၏အဆင့်အတန်းနှင့်အညီ အင်္ကျီအသားမှာလည်း အကောင်းစားဖြစ်သဖြင့် အတော်လေးသဘောကျမိသွားသည်။

မိဖုရားကျောက်သည် အမွှေးအိတ်ပါ ပြင်ဆင်ပေးထားသဖြင့် တစ်ခါထဲဝတ်ဆင်လိုက်သည်။ ထို့နောက် ပွဲကျင်းပရာ နန်းဆောင်ဆီသို့ ခပ်မှန်မှန်လှမ်းလာခဲ့လေသည်။

မိဖုရားကျောက်နန်းဆောင်တွင်တော့...

"အားလီ......''

"အာ...သာသာ ဘာလို့လဲ''

"သာသာမဟုတ်ဘူး လူရှေ့သူရှေ့ရောက်ရင်မှားခေါ်မိနေမယ်''

"အော...မယ်မယ်''

"အင်္ကျီရော...''

"ဟမ် မရှိဘူးလား''

"မဟုတ်ဘူး ဘာဝတ်ရမှန်းမသိတာ''

"ဟုတ်သားပဲ ဝတ္တုထဲမှာ မိဖုရားကျောက် ဘာဝတ်ခဲ့လဲမရေးထားဘူးနော်''

"ဒါပေါ့ ဇာတ်လိုက်မှမဟုတ်တာ တော်ပြီ...ဒါပဲဝတ်လိုက်မယ် ရွှေရောင်''

I'm Not A Villian(oc) (Completed)Where stories live. Discover now