အပိုင်း ၂၄

2.2K 211 0
                                    

အပိုင်း ၂၄

ရှင်းယာ ဘားသို့မရောက်ဖူးသော်လည်း ချန်ရှင်းကတော့ လာနေကျဖြစ်ဟန်တူသည်။ ချောင်ကျကျတစ်နေရာသို့သွားထိုင်ကာ တစ်ခွက်ပြီးတစ်ခွက်သောက်နေတော့သည်။ သူမ မူးလာသည်နှင့် အတူရှိနေသောရှင်းယာတစ်ယောက်အရစ်ခံရတော့သည်။

"သူ့ကိုယ်သူဘာများထင်နေလဲမသိဘူး ဘဝင်မြင့်နေတဲ့ဟာမ...ချီးပဲ...ဟိုကောင်မကလည်း သူ့ကိုပဲကပ်ဖားနေတာ​ြမင်လို့တောင်မကောင်းဘူး...ေအ့...ငါပြောမယ်ဟာ ငါ့အဖေက သူ့အဖေနဲ့စီးပွားရေးအရပူးပေါင်းတော့မှာမို့လို့ သူနဲ့အဆင်ပြေအောင်ပေါင်းနေတာကို အဲ့ဒီသောက်ကောင်မက သူ့ကိုယ်သူမင်းသမီးလေး ထင်နေတာလေ...ငါကလေ သူငယ်ချင်းပေါင်းပြီဆိုရင် စိတ်နှစ်ပြီးပေါင်းတတ်လို့ သူတို့နဲ့အဆင်ပြေအောင်နေပေးတဲ့ဟာကို သက်သက်လူလည်ကျတာ...တစ်နေ့ သူ့ပါးကိုပြန်ချအုံးမယ်...''

"အဲ့ဒီတုန်းကဘာလို့ပြန်မလုပ်လိုက်တာလဲ''

"သူတို့က နှစ်ယောက်လေဟာ လုပ်ရင်ငါပဲခံရမှာပေါ့ အခုလုပ်ဆိုရင်သွားလုပ်ရဲတယ် ငါ့ဘက်မှာနင်ရှိနေပြီမလား...''

"...''

...ငါ့ကိုလူမိုက်လာမငှားနဲ့နော်...

"ညမှောင်နေပြီ ပြန်ရအောင် နင့်အဆောင်ကိုလိုက်ပို့ပေးမယ်''

"မသွားဘူး...အဆောင်မှာ ဟို​ေကာ င်မနှစ်ကောင်နဲ့...''

"ဘာပဲဖြစ်ဖြစ် ဒီမှာတော့နေလို့မရဘူး ထ...''

မူးပြဲနေသောချန်ရှင်းကိုတွဲထူကာ ယိုင်တိယိုင်တိုင်လျှောက်လာရင်း ဘားရှေ့ရောက်သောအခါ ကျောင်းဆရာဝန်တို့နှစ်ယောက်နှင့်တည့်တည့်တိုးလေသည်။ မျက်နှာချင်းဆိုင်တွေ့နေရသဖြင့် ရှင်းယာ နှုတ်ဆက်လိုက်သည်။ ထို့နောက် ကျောင်းဆရာဝန်၏ဘေးမှလူကိုမြင်လိုက်သောအခါ သူမအံ့အားသင့်သွားပြီး နှုတ်မှလွှတ်ခနဲထွက်သွားသည်။

"သခင်...''

သူမရှေ့က ထိုလူသည် အိပ်မက်ထဲမှသူမချစ်လှစွာသော သခင် ချောင်ဘုရင်နှင့်ချွတ်စွပ်ကိုတူလေသည်။ ထိုလူကလည်း သူမခေါ်သံကြောင့် သူမကိုလှည့်ကြည့်လာသည်။ စက္ကန့်အနည်းငယ်အကြည့်ချင်းဆုံပြီးနောက် ရှင်းယာ၏စိတ်တို့ လက်ရှိကိုပြန်ရောက်လာသည်။

I'm Not A Villian(oc) (Completed)Where stories live. Discover now