အပိုင်း ၂၆

2K 204 4
                                    

အပိုင်း ၂၆

ထိုကိစ္စဖြစ်ပြီး တစ်ပတ်လောက်ကြာသည်အထိ ကျောင်းဝဘ်ဆိုက်တွင် သူမတို့ဗီဒီယိုမှာရေပန်းစားနေသေးသည်။

အတန်းပြီးသွားသည်နှင့် သူမတို့သုံးယောက်လည်း အခြားသူများနည်းတူစာအုပ်သိမ်းကာ ထွက်လာခဲ့ကြတော့သည်။

"မနက်ဖြန် စနေနေ့ဆိုတော့ ငါတို့ရှော့ပင်းထွက်ရအောင်''

"ငါမအားဘူး''

"ငါမအားဘူး''

ပြိုင်တူဖြေလိုက်သော ရေခဲတုံးနှစ်ယောက်ကြောင့် ချန်ရှင်းစိတ်ပျက်သွားသည်။

"နင်တို့ကလဲ နည်းနည်းပါးပါး လိုက်လျောညီထွေနေစမ်းပါ အဲ့ဒါကြောင့်လေ နင်တို့ကို ဟိုကောင်မ ကောင်းမုန့်က အတင်းပြောတာ...''

ချန်ရှင်းစကားကြောင့် ရှင်းယာရော အန်းရန်ရှီပါ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
အန်းရန်ရှီက...

"ဘာပြောတာလဲ''

"အန်းရန်ရှီ နင်က ဂိမ်မာဟန်ဆောင်ပြီး ကောင်လေးတွေရဲ့အာရုံစိုက်မှုကိုယူနေတာတဲ့...မိန်းကလေးတွေနဲ့ကျ စကားမပြောဘူးတဲ့...''

အန်းရန်ရှီ မျက်ခုံးတွန့်သွားသည်။

...ငါ့ဟာငါဂိမ်းဆော့တာ ဘယ်သူ့ကိုနှောက်ယှက်နေလို့လဲ မိန်းကလေးတွေနဲ့စကားမပြောဘူးဆိုတော့ ယောကျ်ားလေးနဲ့ရော ငါစကားပြောမိလို့လား...ပြီးတော့ ငါဘယ်သူ့ကိုမြူဆွယ်မိသွားပါလိမ့်...

ချန်ရှင်းက ဆက်၍...

"ပြီးတော့ ရှင်းယာ နင်ကကျတော့ အတွဲတွေကိုကြည့်မရဘူးတဲ့ အတွဲတိုင်းကိုပြတ်စေချင်နေတာတဲ့...ပြီးတော့...ရည်းစားရှိတဲ့ကောင်လေးတွေကိုပဲကပ်ချင်တာတဲ့...''

"...''

...အလကားနေရင်း ဗီလိန်ဇာတ်သွင်းခံနေရတယ်???...

"ငါကလေ??? နေပါအုံး ငါဘယ်သူ့ရည်းစားကိုစနိုက်ကြော်မိလို့လဲ...အဲ့ဒါကထားပါအုံး...အရင်ဆုံး ငါဘယ်ယောကျ်ားလေးနဲ့စကားပြောတာ မြင်ဖူးလို့လဲ''

သူမတို့စကားပြောရင်း အဆောင်ခန်းသို့ရောက်လာကြသည်။ ချန်ရှင်းက ခုတင်ပေါ်တွင်ထိုင်၍ ရှင်းယာစကားကိုပြန်ဖြေလိုက်သည်။

I'm Not A Villian(oc) (Completed)Where stories live. Discover now