အပိုင်း ၃၃

1.8K 184 15
                                    

အပိုင်း ၃၃

ရှယွင်ဖန်းသည် အလုပ်ကိစ္စစကားပြောနေရင်း ပုစွန်များကိုအခွံခွာကာ ပန်းကန်လွတ်တစ်ခုထဲ ထည့်နေသည်။

...စီအီးအိုကြီးက ပုစွန်အခွံခွာတာတောင်သပ်ရပ်နေတာပဲ...

ရုတ်တရက် အိပ်မက်ကမ္ဘာထဲတွင် သူမနတ်ဘုရားသစ်သီးကိုအန္တရာယ်ကင်းကင်းစားသောက်နိုင်ရန် သူမကိုပွေ့ဖက်ထားပြီး နတ်ဘုရားသစ်မြစ်များနှင့်တိုက်ခိုက်နေသော ချောင်ဘုရင်၏ပုံရိပ်အားအမှတ်ရမိသွားသည်။

ထိုစဥ် သူမရှေ့သို့ အခွံခွာပြီးသား အဝါရောင်ပုစွန်ကွေးများပြည့်နေသော ပန်းကန်ဖြူဖြူလေး ရွေ့လျားလာသည်။

...သူထမင်းမစားသေးဘဲ ခွာနေတဲ့ပုစွန်တွေက ငါ့အတွက်လား...

ရှယွင်ဖန်းကတော့ သူမအားတစ်ချက်မှမကြည့်ဘဲ စီအီးအိုလီနှင့် အလုပ်ကိစ္စပြောနေသည်။ သူတို့ကြားတွင် စိမ်းသက်သောအခြေအနေရှိနေပြီး လေထုက တင်းမာလာသည်။

"စိတ်မကောင်းပါဘူး ကျွန်တော်လက်မခံနိုင်ဘူး ''

"စီအီးအိုရှ ရှင်ဒီလိုလုပ်လို့မရဘူးလေ ကျွန်မဒါရိုက်တာရှ နဲ့ဆွေးနွေးပြီးသား...''

"ဒီကိစ္စမှာတာဝန်ရှိတဲ့သူက ကျွန်တော်ပါ...ဒါရိုက်တာရှ မဟုတ်ဘူး ဒီတော့ နှုတ်ဆက်ပါတယ်''

ဒါရိုက်တာရှ ဆိုသည်မှာ ရှယွင်ဖန်း၏အကို ရှရှောင်မိုဖြစ်သည်။ ယခုအလုပ်ကိစ္စဆိုသည်မှာ ရှယွင်ဖန်း၏ ဂလက်စီနည်းပညာနှင့်ပတ်သတ်နေခြင်းမဟုတ်ဘဲ ရှမိသားစု၏ပင်မလုပ်ငန်းစုဖြစ်သော ရှကော်ပိုရေးရှင်းနှင့်သက်ဆိုင်သည့်ကိစ္စဖြစ်သည်။

ထိုကုမ္ပဏီတွင်ရင်းနှီးမြုပ်နှံဖို့ကိစ္စအား ရှယွင်ဖန်း၏ဖခင် ရှဝေ သည် သူ့အားတာဝန်ပေးထားခြင်းဖြစ်သော်လည်း ထိုကုမ္ပဏီ၏စီအီးအိုသည် ရှယွင်ဖန်း၏အကို ရှရှောင်မိုနှင့် လက်ဝါးချင်းရိုက်ထားမှန်း သူအစထဲက သိလေသည်။ ထို့အပြင် ရှကော်ပိုရေးရှင်းအတွက် အမြတ်နည်းသောကြောင့် သူယတိပြတ်ပယ်ချလိုက်သည်။

စီအီးအိုလီသည် မျက်နှာပျက်ပျက်နှင့်ပင် ထထွက်သွားတော့သည်။ စားပွဲပေါ်မှစားစရာများကိုလက်နဲ့ပင်ထိမသွားပေ...

I'm Not A Villian(oc) (Completed)Where stories live. Discover now