အပိုင်း ၁၁
သခင်မ၏ကိုယ်ဝန် ၃လပြည့်သည့်နေ့အတွက် ဧည့်ခံပွဲကျင်းပရန် အိမ်တော်ရှိအစေခံများအလုပ်ရှုပ်နေကြသည်။ သခင်မသည် ကိုယ်ဝန်ရှိချိန်မှစ၍ စစ်သူကြီးမှဖူးဖူးမှုတ်ထားသောကြောင့် အကျေနပ်ကြီးကျေနပ်နေတော့သည်။
ရှောင်ကျောင်းမှာတော့ သခင်မခြိမ်းခြောက်ခြင်းကိုခံရသည့်အချိန်မှစ၍ အိမ်တော်ရှိအစေခံအများစု၏ဝိုင်းပယ်ခြင်းကိုခံရလေသည်။ သူမအား မိန်းမပျက်ဟု မကြားကြားအောင်ပြောကြသည်။ ယခုလည်းပဲ...
"သခင်မက အခုဆိုကိုယ်ဝန်ရှိနေပြီ စစ်သူကြီးကလည်းချစ်လိုက်တာမှတုန်နေရောပဲ''
"ဟုတ်ပါ့ အားကျလိုက်တာဟယ်''
"ဟင်း တချို့သူတွေကတော့ သခင်မနေရာကိုလုချင်နေသေးတယ် ကိုယ့်အဆင့်အတန်းကိုမှအားမနာ''
ကဲ့ရဲ့စောင်းမြောင်းပြောဆိုမှုများကြားထဲတွင်နေရသည်မှာ ရှောင်ကျောင်းအားငယ်လာသည်။ အိမ်တော်တွင်အလုပ်လုပ်ရသည်ကိုလည်းမပျော်ရွှင်တော့ပေ။ အားသည့်အချိန်များတွင် ဆေးဆိုင်သို့သွားကာ ရှင်းယာထံ ရင်ဖွင့်မိတော့သည်။
"အဲ့ဒီတော့ နင်အဲ့ဒီမှာမပျော်တော့ဘူးပေါ့...ဒါမှမဟုတ် အလုပ်ထွက်လိုက်ပါလား''
"ဟင် ယာယာ နင်ပြောတဲ့စကားက အဆန်းပါလား အစေခံတွေဆိုတာ ပိုင်ရှင်က စာချုပ်နဲ့ဝယ်ထားတာဟ ပိုင်ရှင်ကရောင်းမှသာ ငါတို့တခြားပိုင်ရှင်ဆီကိုရောက် မှာ''
"ဟင်း နင့်ဟာကလည်းစိတ်ညစ်စရာပဲ''
"အင်း ငါပြန်တော့မယ် နောက်ကျရင်ထပ်ပြီးအဆူခံရအုံးမှာ အခုဆို အိမ်တော်တစ်ခုလုံးက ငါ့ကိုအမြင်ကြည်တာမဟုတ်ဘူး''
"အေးပါ ဘာပဲဖြစ်ဖြစ် နင်စစ်သူကြီးနဲ့ဝေးဝေးနေပေါ့ဟာ အချိန်တွေကြာသွားရင် အားလုံးကမေ့ကုန်ကြမှာပါ''
ရှင်းယာ၏အကြံပြုချက်အတိုင်း စစ်သူကြီးနှင့်ဝေးနိုင်သမျှဝေးစေရန် ရှောင်နေမိသည်။ သို့သော် ကံကြမ္မာက သူ့မအားအလွတ်မပေးချင်ဘူးထင်သည်။ ဆောင်းဦးပွဲတော်မတိုင်မီရက်တွင် ပြသနာစလာတော့သည်။
YOU ARE READING
I'm Not A Villian(oc) (Completed)
Fantasyဗီလိန် မဖြစ်ဖို့ကြိုးစားနေတဲ့ မိန်းကလေး...