အပိုင်း ၂၃

2.2K 208 4
                                    

အပိုင်း ၂၃

အတန်းချိန်ပြီးသွားသောကြောင့် ကျောင်းသားများအလျှိုလျှိုထွက်ခွာသွားပြီဖြစ်သည်။ ရှင်းယာလည်း စာအုပ်သိမ်းကာ အဆောင်ပြန်ရန် ထွက်သွားတော့သည်။ ကျောင်းဝ သို့ရောက်ကာမှ သူမ၏မနက်ပိုင်းအတန်း စာအုပ် မေ့ကျန်ခဲ့ကြောင်းသတိရသွားသဖြင့် အခန်းသို့တဖန်ပြန်ပြေးရတော့သည်။

အခန်းရှေ့သို့ရောက်သောအခါ အခန်းထဲမှစကားပြောသံကြားသဖြင့် အထဲမဝင်ဘဲ ခဏရပ်နေလိုက်သည်။ ကျောင်းတွင် လူတစ်ယောက်မှမရှိတော့သည့်အတွက် အခန်းထဲမှစကားသံများကိုရှင်းရှင်းလင်းလင်းကြားနေရသည်။

"မုန့်မုန့် ငါမှားသွားပါတယ်''

"ဖြန်း''

"ဟုတ်တယ် နင်မှားတယ် နင့်လိုလူကများ ငါ့ဦးကို ကိုကိုခေါ်ရဲတယ်''

...ဘာဖြစ်နေကြတာလဲ နေ့လည်ကကိစ္စလား...

ထို၃ယောက်မှာ သူမတို့အခန်းထဲမှ အလှလေး ေကာင်းမုန့်နှင့် ချယ်ရီ ၊ ချန်ရှင်းတို့ဖြစ်ကြသည်။

ပါးရိုက်လိုက်သူမှာ ကောင်းမုန့်ဖြစ်ပြီး အရိုက်ခံရသူမှာ ချန်ရှင်းဖြစ်သည်။ ချယ်ရီကတော့ မသိချင်ယောင်ဆောင်ပြီးဘေးမှာရပ်နေလေသည်။

...ဒါက လူမြင်ကွင်းမှာအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေရဲ့ သရုပ်မှန်လား...

ကောင်းမုန့်သည် စီအီးအိုကောင်း၏သမီးဖြစ်၍ ကျောင်းတွင်အရေးပေးခံရသည့်အထဲတွင်ပါသည်။ ​သူဌေးသမီးပီပီပြင်တတ်ဆင်တတ်နှင့် ဘရန်းတွေသာဝတ်တတ်သောကြောင့် သူမကိုကြည့်လိုက်တာနဲ့ ချမ်းသာသည့်သူဌေးသမီးမှန်းသိသာသည်။ ချယ်ရီ၏မိဘများသည် နိုင်ငံခြားတွင်နေထိုင်ပြီး လိုလေသေးမရှိထောက်ပံ့သောကြောင့် အနောက်တိုင်းဆန်ဆန်လှပ၍ ပွင့်လင်းသူဖြစ်သည်။ ချန်ရှင်း၏ဖခင်မှာလည်း ကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်သည်။ တစ်နည်းဆိုရသော် သူလည်း သူဌေးသမီးတစ်ယောက်ပင်...

သို့သော် ဘာအတွက်ကြောင့် ကောင်းမုန့်ကိုခခယယဆက်ဆံနေလည်းဆိုတာတော့ ချန်ရှင်းသာသိလိမ့်မည်။

သူမတို့၃ယောက်၏ ဆက်ဆံရေးကို ရှင်းယာလည်းအားကျခဲ့ဖူးသည်။ ချမ်းသာသောမမလေးများဖြစ်နေခြင်းထက် ခင်မင်စွာပေါင်းသင်းဆက်ဆံသော သူငယ်ချင်းဆက်ဆံရေးကို သူမလိုချင်မိသည်။

I'm Not A Villian(oc) (Completed)Where stories live. Discover now