Part - 50

34.7K 2.3K 73
                                    

အိမ်ပြန်တဲ့တစ်လမ်းလုံး ကားပေါ်မှာ မဟာကိုယ်ပေါ်ကိုပဲဖက်တွယ်ထိုင်နေနေတဲ့ ယွန်းလေးကြောင့် ၊ တုနှိုင်းမောင်က မဟာပင်ပန်းနေမည်ကိုစိုးရိမ်နေသည် ။ အိမ်ရောက်တော့ကားရပ်ပြီးတာနဲ့ ကားပေါ်ကအမြန်ဆင်းကာ တစ်ဖက်ကမဟာ့ကိုတံခါးဖွင့်ပေးလျက်

"သဲငယ်လေး သမီးအိမ်ရောက်ပြီ ဖေဖေချီမယ်လေနော် လာ"

"ရတယ် ငါချီခဲ့မယ်"

ယွန်းလေးက မဟာ့အားတွယ်ဖက်ထားတာမလွတ်သလို မဟာကလည်း မလွတ်ပေး ။

ကားသံကြောင့်ထွက်လာကြိုတဲ့ အန်တီမြကလည်း မဟာနဲ့ယွန်းလေးပုံစံလေးကြောင့် ရေးရေးလေးပြုံးကာ ၊ ကားနောက်ခန်းထဲမှ ယွန်းလေးရဲ့ကျောပိုးအိတ်လေးနဲ့ထမင်းချိုင့်ယူပြီး ပြန်ဝင်သွားသည် ။ မဟာကတော့ ယွန်းလေးအားချီလျက် အပေါ်ထပ်တက်သွားသည် ။

တုနှိုင်းမောင်လည်း နောက်ကလိုက်တက်ရင်း ဖုန်းမှmassageဝင်သံကြောင့် လှေကားမှာပင်ရပ်ကာ ဖွင့်ကြည့်လိုက်တော့ ၊ အမည်မသိသော ဖုန်းနံပါတ်တစ်ခုမှ ဓာတ်ပုံ ၁ပုံ ။

ထိုပုံကိုမြင်တာနဲ့ ဖုန်းကိုင်ထားသော တုနှိုင်းမောင်ရဲ့ လက်တို့က တင်းကျပ်သွားရသလို ၊ ဒေါသအရှိန်ကြောင့် မေးရိုးတို့တောင်ထောင်လာလျက် မျက်နှာပြင်တစ်ခုလုံးနီရဲလာရသည် ။

"ဘာဖြစ်တာလဲနှိုင်း"

မင်းထိုက်ကအလုပ်ခန်းထဲကထွက်လာရင်း လှေကားနားမှာဖုန်းကိုကိုင်ကာ ၊ တစ်ခုခုဖြစ်နေပုံရတဲ့ တုနှိုင်းမောင်ကိုတွေ့တော့ မေးလာသည် ။

တုနှိုင်းမောင်က မင်းထိုက်သူ့အနားရောက်လာတာကြောင့် ဖုန်းကိုပိတ်ချလိုက်ရင်း

"ထွန်းအောင်ရော"

"အလုပ်ခန်းထဲမှာ ဒါနဲ့ ယွန်းငယ်လေးရော"

"မဟာနဲ့ရှိနေတယ်"

"မဟာနဲ့?"

"အင်း ငါပြီးမှလာခဲ့မယ်"

မင်းထိုက်ကိုပြောပြီး တုနှိုင်းမောင်သူ့အခန်းထဲဝင်သွားသည် ။ အထဲရောက်တာနဲ့ အစောက ဖုန်းနံပါတ်အားခေါ်လိုက်တော့ စက်ပိတ်ထားသည်ဆိုတဲ့ တုန့်ပြန်ချက်ကြောင့် ၊ စိတ်ပျက်စွာ ခုံမှာဝင်ထိုင်လိုက်ရင်း နောက်သို့မှီကာ မျက်ဝန်းတို့ကို မှိုက်လျက် သက်ပြင်းတို့သာအထပ်ထပ်ချနေမိသည် ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now