Part - 5

37.8K 3.2K 54
                                    

ကိုယ်ချစ်ရတဲ့သူဆီကရတဲ့ နာကျင်မှုတွေအတွက် နားလည်သည်းခံနိုင်မှုဆိုတဲ့ အတိုင်းအတာတစ်ခုကို ကျော်လွန်လာတဲ့အခါ အချို့သူတွေက ထိုနာကျင်မှုတွေဆီကနေ ရှောင်ပြေးတတ်ကြတယ် ။ အချို့တွေကတော့ အရှုံးပေးကာ ရှင်သန်မှုကို လက်လျော့လိုက်ကြတယ် ။

ကျွန်တော်ကရော အဲ့ဒီအခါကျရင် ဘယ်လိုလုပ်မိမလဲ ထွက်ပြေးမိမလား ၊ အရှုံးပေးမိမလား ။
အကယ်၍
ကျွန်တော့်နေရာမှာ ခင်ဗျားတို့ဆိုရင်ရော? ?

ပန်းချီဆွဲခန်းထဲမှာရှိတဲ့ စင်လေးရဲ့အပေါ်မှာတင်ထားသော သေတ္တာပုံးလေးကို ယူလိုက်တော့ ရင်ထဲကနေဆို့တက်လာတဲ့ဝမ်းနည်းမှုနဲ့အတူ နှလုံးသားရဲ့နာကျင်မှုကအတိုင်းအဆပြင်းစွာ ၊ ထိုပုံးလေးကိုပိတ်ထားခဲ့သည်မှာ ၈ နှစ်ခန့်ရှိလေပြီ ။

ထိုပုံးလေးထဲမှာ ကျွန်တော်ဘဝရဲ့အကြောက်ရဆုံးအဖြစ်အပျက်တစ်ခုရဲ့ အချက်အလက်တွေရှိနေခဲ့တာမလို့ ပြန်သတိမရချင်သလို ပြန်လည်းမစဉ်းစားချင်ဘူး ။ ကျွန်တော်ဘယ်လောက်ထိကြောက်ရွံ့နေလဲဆိုတာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေမှုက သက်သေတစ်ခုဖြစ်လိမ့်မယ် ။

သို့သော် ကျွန်တော်အဖြေရှာရမယ့် အကြောင်းအရာတစ်ခုအတွက်သက်သေက ထိုပုံးလေးထဲတွင်သာရှိနေသည် ။ ပုံးကိုအောက်ချကာ ကျွန်တော်ပါကြမ်းပြင်ပေါ်ထိုင်ပြီး အဖုံးလေးကိုအသာဖွင့်လိုက်စဉ်မှာပင် မြင်လိုက်ရတဲ့ စာရွတ်ဖိုင်လေးပေါ်ကဝိုးတဝါးdateလေးကြောင့်
--/06/20--

"....မေမေ.... ဖေဖေ"

တီးတိုးစွာ ရေရွတ်ရင်း ထိန်းမရနိုင်တော့တဲ့မျက်ရည်တွေနဲ့အတူ အတွေးတွေထဲ ညလမ်းမပေါ်မှာ မီးတဟုန်းဟုန်းတောက်နေတဲ့ ကားနှစ်စီးပုံရိပ်များ ။

နာကျင်နေသောဝဲဘက်ရင်အုံကိုအသာဖိရင်း အသက်ရှုရတာပင်ခက်ခဲလာတာမလို့ အောက်နှုတ်ခမ်းကိုသာအားကုန်ဖိကိုက်ထားလိုက်သည် ။

ထိုပုံလေးထဲမှာရှိတဲ့စာရွတ်ဖိုင်လေးတွေကို တုန်ယင်နေသောလက်ကလေးနဲ့ပင် အသာထုတ်ပြီး ပေါင်ပေါ်တင်ပြီးပေမယ့် နောက်ထပ်ဘယ်လိုမှရှေ့ဆက်မကြည့်ရဲသေး ။ စိတ်ထဲကနေတော့ ကျွန်တော်ထင်သလိုမဟုတ်ပါစေနဲ့လို့သာ အကြိမ်ကြိမ်ဆုတောင်းနေမိသည် ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now