Part - 60 (Final)

65.6K 3K 167
                                    

လူနာကုတင်ထက်တွင် ဘေးတစ်စောင်းအနေအထားနဲ့ အိပ်ပျော်နေသော မဟာကို ၊ တုနှိုင်းမောင်လည်း ထိုအတိုင်းပင် စောင်းလျက်အိပ်ပြီး ငေးကြည့်နေသည် ။

မဟာက တုနှိုင်းမောင်ရဲ့ဘယ်ဘက်မှာအိပ်ပေးတာကြောင့် ၊ မြတ်နိုးရသူလေးရဲ့ မျက်နှာလေးက ညတိုင်းငေးကြည့်ခွင့်ရလို ၊ မနက်မျက်လုံးဖွင့်လိုက်တိုင်းလည်း ချစ်စရာကောင်းစွာဆီးကြိုနေတယ် ။

အခုဆို တုနှိုင်းမောင်ဆေးရုံတက်နေရတာ ၁ပတ်ကျော်ပင်ရှိပြီ ၊ မဟာက တုနှိုင်းမောင်အနား အချိန်ပြည့်နီးပါးရှိနေပေးသလို ၊ လိုအပ်တာမှန်သမျှသူပဲလုပ်ပေးသည် ။

ယွန်းလေးကတစ်ရက်တစ်လေ ဆေးရုံမှာအိပ်ပေမယ့် ၊ မင်းထိုက်နဲ့ထွန်းအောင်က အိမ်ခေါ်အိပ်စေတာမလို့ ဒီနေ့လည်းသူတို့နှစ်ယောက်ပဲရှိသည် ။

တုနှိုင်းမောင်ကြည့်နေတုန်းမှာပင် လှုပ်လာတဲ့ မဟာ့ကိုယ်လေးကြောင့် သူနှစ်ခြိုက်စွာပြုံးလိုက်သည် ။

မဟာ့မှာအကျင့်လေးရှိတယ် ။
ညအိပ်ရေးဝပြီး မနက်နိုးလာရင် ၊ စောင်းအိပ်နေရာကနေ ပက်လက်လန်လိုက်တယ် ။ မျက်လုံးအရင်မဖွင့်ဘဲ အရင်သန်းဝေပြီး လက်ကလေးနဲ့မျက်ခွံလေးတွေအရင်ပွတ်တယ် ။

"တအားမပွတ်နဲ့ နာမယ်"

တုနှိုင်းမောင်အသံကြားတော့ မျက်လုံးဖွင့်လာကာ

"နိုးနေပြန်တာလား"

"အင်း အိပ်ချင်သေးရင်အိပ်ဦးလေ ၊ မောင်ဗိုက်မဆာသေးဘူး"

"အွန်း ၁၀မိနစ်"

ပြောရင်းပင် မျက်ဝန်းများပြန်မှိုက်ကာအိပ်သွားတာကြောင့် ၊ တုနှိုင်းမောင်ကသဘောကျစွာကြည့်ရင်း ပြုံးလိုက်သည် ။ မဟာ့အတွက် ဆေးမလိုဘဲ အိပ်ပျော်နိုင်သည်ဆိုတာ ၊အနားမှာတုနှိုင်းမောင်ရှိနေခြင်းကြောင့်သာလျှင်ဖြစ်သည် ။

၁၀မိနစ်ဟုဆိုပေမယ့် တုနှိုင်းမောင်က မဟာ့ပခုံးလေးကိုအသာပုတ်ပေးကာ ချော့သိပ်ပေးနေတာကြောင့် ၊ မဟာ နာရီဝတ်ခန့်ပင်ပြန်အိပ်ပျော်သွားသည် ။

မဟာပြန်နိုးတော့ ထွန်းအောင်တို့နဲ့ ယွန်းလေးပင်ရောက်နေလေပြီ ၊ ယွန်းလေးကရောက်တာနဲ့ တုနှိုင်းမောင်ဘေးနားလေးထိုင်ကာ ကပ်နေသည် ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now