Part - 9

35.2K 2.9K 89
                                    

တစ်လအတွင်းဆွဲထားတဲ့ပန်းချီကားလေးတွေကို ဓာတ်ပုံရိုက်ကာ သူ့ရဲ့ Instagram Account လေးမှာ တင်နေသော မဟာက တည်ငြိမ်နေလျက်ပင် ။

Ring....

ဖုန်းမြည်လာတာ မဟာရဲ့ မိဘမဲ့ဂေဟာကဖုန်းဖြစ်တာမလို့ ချက်ချင်းကိုင်လိုက်ကာ

"Hello ဟုတ်ကဲ့"

".........."

"အော် ကျွန်တော်လုပ်ပေးပါ့မယ် ရပါတယ်"

".........."

"ဟုတ်ကဲ့"

ဖုန်းချပြီး အဝတ်စားလဲကာ လိုအပ်တာတွေယူပြီး Taxi ခေါ်ကာ အိမ်မှထွက်ခဲ့လိုက်သည်။ မောင်ခရီးသွားနေတာ ၄ရက်လောက်ရှိပြီမဟုတ်လား ။ ကားလမ်းပိတ်တာနှင့် တစ်နာရီခွဲလောက်အကြာမှာတော့ အလင်းသစ် မိဘမဲ့ဂေဟာသို့ရောက်သည် ။

ရာသီဉတုအပြောင်းအလဲကြောင့် ကလေးတွေ ဖျားနေကြတာမလို့ ဂေဟာမှူးကဖုန်းဆက်ပြီးအကူအညီတောင်းခြင်းဖြစ်သည် ။

"ဆရာလေး ရောက်လာပြီ"

"ဟုတ် မင်္ဂလာပါဗျ"

"ဟုတ်ကဲ့ ၊ ကျွန်မတို့လည်း နီးရာဆေးခန်းပြကြမလို့ကို သူတို့တွေကဆရာလေးကိုမေးနေကြတာမလို့ ဖုန်းဆက်လိုက်ရတာ"

"ဟုတ် ရပါတယ်ဗျာ ကျွန်တော်မရောက်ဖြစ်တာလည်းကြာပြီလေ"

"ဆရာလေးအလုပ်များနေတာပဲကို"

"မဟုတ်တာ ရပါတယ် ကလေးတွေရော"

"ဟိုဘက်မှာဆရာလေး"

နေမကောင်းဖြစ်နေကြတဲ့ ကလေးတွေက သူ့ကိုမြင်တော့ပျော်သွားကြကာ ဝမ်းသာအားရဖြစ်နေကြသည် ။

"ဦးဦးကိုကို ကိုမျှော်နေတာ"

"ဆရာဝန်ဦးဦးက ကျွန်တော်တို့ကိုပစ်ထားတယ်"

"ကိုကို မီးမီးနေမကောင်းဘူး"

"ဒေါက်တာကိုကို သားရောပဲ"

တစ်ယောက်တစ်မျိုးဝိုင်းပြောနေကြသော ကလေးငယ်တွေကြား မဟာပျော်မိသည် ။ မိဘတွေရဲ့စွန့်ပစ်ခြင်းခံရတဲ့ ကလေးငယ်တွေ ၊ ဘာလို့များရက်စက်ကြတာလဲ မသိဘူး ၊ ကလေးတွေမှာအပြစ်မရှိပါပဲ သနားစရာကောင်းလွန်းလှသည် ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now