Part - 45

31K 2.1K 221
                                    

မဟာအိမ်ပြန်ရောက်တော့ အိမ်ထဲဝင်ဝင်ချင်းချင်း ကြားလိုက်ရတဲ့ ကလေးငယ်ရဲ့ ရယ်သံလေး ၊ ထိုအသံလေးကြောင့် မဟာနှုတ်ခမ်းလေးလှုပ်ရုံပြုံးလိုက်မိသည် ။

ဘာတွေသဘောကျနေပြန်လဲမသိ? ။

အထဲဝင်ရင်း အသံလာရာ ဧည့်ခန်းထဲဘက်လှမ်းကြည့်လိုက်တော့ တုနှိုင်းမောင်ပြန်ရောက်နေလေပြီ ။ ကလေးငယ်လေးနဲ့အတူဆော့နေကြပြီး ရယ်နေကြတာ ။

"ဖေဖေ ယွန်းနိုင်ပြန်ပြီ"

"သဲငယ်လေးက တော်တာကို"

ဆိုဖာခုံရှည်ထက် ကလေးငယ်သည် တုနှိုင်းမောင်ရင်ခွင်ထဲထိုင်ကာ အတူဂိမ်းဆော့နေကြတာထင်သည် ။

"ခ်ခ် ဖေဖေရှုံးပြန်ပြီ"

"ဟုတ်ပါ့ဗျာ"

မဟာ အပေါ်မတက်မိသေးဘဲ ထိုနားလေးမှာပင်ရပ်လျက် ကြည့်နေခဲ့မိသည် ။

"ယွန်းလေးရေ ထမင်းစားရအောင်"

ထမင်းစားခန်းထဲမှ အော်ကာထွက်လာသော ထွန်းအောင်သည် မဟာကိုမြင်တော့ ရပ်သွားကာ

"ပြန်လာတာစောသားပဲ"

"အင်း.."

"ညစာစားပြီးပြီလား"

"မစားရသေးဘူး"

"တစ်ခါထဲဝင်စားမလား"

"ငါ."

"ယွန်းလာပြီ..."

မဟာပြန်ဖြေမလို့ရှိသေး အခန်းထဲမှပြေးထွက်လာသော ယွန်းလေးကိုမြင်တော့ စကားတို့တန့်သွားရသည် ။ ယွန်းလေးကတော့ မဟာ့ကို မြင်တာနဲ့ ပြုံးရယ်သွားပြီး မဟာ့လက်ကလေးကိုလာကိုင်ကာ

"daddy ပြန်လာပြီ "

နှုတ်ဆက်လာသော ကလေးငယ်လေးအား မဟာခေါင်းအသာပြန်ငြိမ့်ပြလိုက်သည် ။ တုနှိုင်းမောင်ကတော့ ယွန်းလေးနောက်နားမှာရပ်နေပြီး မည်သည့်စကားမှဝင်မပြော ။

"daddy ထမင်းစားပြီးပြီလား"

ကလေးငယ်လေးထပ်မေးတော့ မဟာခေါင်းရမ်းပြလိုက်ကာ ၊ အပေါ်သွားတော့မည်ဟုပြောမလို့တွေးလိုက်ရုံရှိသေး ။

"daddy ယွန်းတို့နဲ့အတူထမင်းစားမလား"

"ဟမ်"

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now