Part - 54

32.8K 2.3K 140
                                    

လုပ်ငန်းကိစ္စကအရေးကြီးနေပေမယ့် တုနှိုင်းမောင် ကောင်းကောင်းမပျောက်သေးတာကိုစိုးရိမ်တာကြောင့် မင်းထိုက်နဲ့ထွန်းအောင်က အလုပ်ကိုအိမ်မှာပဲလုပ်စေလိုက်သည် ။ ယွန်းလေးကလည်းကျောင်းပိတ်တာကြောင့် သူတို့နားမှာထိုင်ဆော့နေသည် ။

"ရရဲ့လား ဘယ်လိုနေသေးလဲ"

တစ်နေကုန်အလုပ်ထိုင်နေကြခြင်းဖြစ်ရာ တုနှိုင်းမောင်မျက်နှာပြောင်းသွားတာကို ထွန်းအောင်ကချက်ချင်းသတိထားမိပြီးမေးလာသည် ။

"ရတယ် အဆင်ပြေတယ်"

"ယွန်းငယ် ဦးဦးဆီလာ"

မင်းထိုက်က ယွန်းလေးကို သူ့အနားခေါ်ပြီး tapletထဲမှ ကဗျာလေးတွေရှာပေးပြီး ဖွင့်ပေးသည် ။

Ring...

သူတို့အလုပ်ကိစ္စပြောနေကြတုန်း ၊ တုနှိုင်းမောင်ဆီသို့ ရဲစခန်းမှ ဖုန်းဝင်လာတာကြောင့် ကိုင်လိုက်ကာ

"ဟုတ်ကဲ့ဗျ"

"ကိုတုနှိုင်းမောင် ကျွန်တော် ရဲအုပ်****ပါ"

"ဟုတ်ကဲ့"

"သက်နိုင်အမှုအကြောင်း လှမ်းအသိပေးတာပါ ၊ ဝမ်းသာစရာပါပဲ ကျွန်တော်တို့တရားခံဖော်ထုတ်နိုင်ပြီဗျ"

"ဗျာ တရားခံသိရပြီလား"

"ဟုတ်ကဲ့ဗျ ကျွန်တော်တို့စစ်ဆေးတုန်းကထဲက သက်နိုင်ရဲ့လက်ထောက်ဖြစ်တဲ့ ကိုရဲထက်ကလည်း သံသယရှိသူအနေနဲ့ ပါပြီးသားပါ ၊ အခုတော့သူကိုယ်တိုင်လာဝန်ခံတယ်"

"လာဝန်ခံတယ် ရဲထက်က ရဲထက်ကတရားခံလား"

"ဟုတ်တယ်ဗျ သူအလွဲသုံးစားလုပ်ထားတဲ့ ငွေစာရင်းကိစ္စကို ၊ သက်နိုင်က CEOဖြစ်တဲ့ ကိုမဟာမြတ်သူကို ပြောမယ်ဆိုရာကနေ အချင်းများကြတာ"

တစ်ဖက်မှရဲအုပ်ပြောတာကို နားထောင်ရင်း တုနှိုင်းမောင်ဘဝင်မကျ ဘယ်လိုဖြစ်ပြီးတော့လဲ ။

"အဒါဆို သက်သေတွေကရော"

"သူအသုံးပြုခဲ့တဲ့ ဆေးထိုးအပ်ရော သူယူသွားတဲ့USBရော တွေ့တယ်"

"USB?"

"အလွဲသုံးစားလုပ်ထားတဲ့ငွေစာရင်းတွေပါတဲ့အဒီUSBကို လုရင်း ဖြစ်ကြတာ ၊ USBထဲက ငွေစာရင်းအကြောင်းကိုတော့ ကိုမဟာမြတ်သူကအတည်ပြုပေးပြီးသွားပါပြီ"

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now