Part - 13

35.5K 3K 149
                                    

ကလေးငယ်တစ်ယောက်က သူ့ရဲ့စိတ်ကူးအိမ်မက်တွေကို တစ်နေ့နေ့ဖြစ်လာလိမ့်မယ်ဆိုပြီး မျှော်လင့်ကြီးစွာ စောင့်စားနေပေမယ့်၊ အိမ်မက်တွေက လက်တွေ့ဖြစ်မလာနိုင်မှန်းသိတဲ့ အခါ ကလေးငယ်လေးက အိမ်မက်တွေကို မုန်းသည်တဲ့လေ ။

အိမ်မက်တွေမှာ အပြစ်မရှိတာကို ကလေးငယ်နားမလည်သေးဘူး ။ တကယ်တမ်းမျှော်လင့်နေတဲ့ ကိုယ်ကသာ အပြစ်ဖြစ်နေခဲ့တယ်ဆိုတာ ထိုကလေးတစ်နေ့တော့သိလာလိမ့်မယ် ။

အဒီအချိန်ကျရင်တော့ ကလေးငယ်ဟာ အိမ်မက်တွေကို မမုန်းတော့သလို မျှော်လင့်ချက်တွေလည်းထားမှာ မဟုတ်တော့ဘူး ။ အိမ်မက်တွေက စိတ်ကူးသက်သက်ပဲဆိုတာ သိလာပြီး ချစ်ခြင်းမုန်းခြင်းကြားမှာ တည်ရှိနေတဲ့ နိယာမလေးတစ်ခုကို ရှာတွေ့လိမ့်မယ်  ။

"အကိုလေး"

ပန်းချီဆွဲခန်းထဲ တစ်မနက်လုံး အချိန်ကုန်နေတဲ့ မဟာတစ်ယောက် ၊ အန်တီမြ အနားရောက်လာတာကို သတိမထားမိလိုက် ။

"အာ ဟုတ် အန်တီမြ"

"နေ့လည်စာစားချိန်တောင် ကျော်နေပြီ ၊ အကိုလေးမနက်ကထဲက ဘာမှမစားသေးလို့လေ"

"ဟုတ်သား"

"ဘာစားချင်လဲ အကိုလေး ဘာပြင်ပေးရမလဲ တစ်ခုခုတော့ စားလိုက်ပါလား"

"အင်း ခဏနေဆင်းလာခဲ့မယ်"

မဟာ အန်တီမြကို ပြုံးပြကာပြောလိုက်ရင်း ဆွဲလက်စပန်းချီကို လက်စသတ်နေသည် ။ အန်တီမြကထွက်မသွားသေးဘဲ မဟာဆွဲနေတဲ့ ပန်းချီကို ကြည့်နေတာကြောင့်

"ဘယ်လိုနေလဲ အန်တီမြ"

အမှောင်အတိဖုံးနေသော ကောင်းကင်မှ သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးတွေကြား ၊ အနည်းငယ်ကွာဝေးလှသော အတိုင်းအတာမှာ ရပ်နေတဲ့ လူနှစ်ဦး ။

ထိုလူနှစ်ဦးရဲ့ လက်တွေထဲမှာ ပြတ်နေသော အနီရောင်ကြိုးစလေးတွေကိုယ်စီကို ကိုင်ထားသည် ။

"ပြတ်သွားတဲ့ ကြိုးတစ်ချောင်းကို ပြန်ဆက်လို့ရမယ်ထင်လား အန်တီမြ"

"အကိုလေး ဘာကိုဆိုလိုချင်တာလဲ"

"ဒီပုံလေးကို အန်တီမြမြင်ဖူးတယ်မလား"

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now